Your cart is currently empty!
ကိုရီးယားမှာ နွေဦးရာသီရောက်ရင် ချယ်ရီပန်း ပွင့်တာတွေကို ကြည့်တာဘဲ လက်လွှတ်မခံသင့်တာ မဟုတ်ပါဘူး။ ကိုရီးယားမှာ ချယ်ရီပန်းပွင့်တာတွေအပြင် Canola ပန်းတွေ ပွင့်တာကိုလဲ ကြည့်သင့်ပါတယ်။ တစ်မြို့လုံးတွင် ကွဲပြားသော ပန်းပွင့်များဖြင့် အရောင်အသွေး ကွဲထွက်နေသည်။ ပန်းတစ်ပွင့်ဖြစ်သော Canola ပန်းရဲ့ အရောင်ကတော့ အဝါရောင်တောက်တောက်ဖြစ်ပြီး ချယ်ရီပန်းတွေလိုဘဲ နွေဦးရာသီပွင့်တဲ့အချိန်မှာ အလှပဆုံးကြည့်နိုင်မှာဘဲ ဖြစ်ပါတယ်။
ကိုရီးယားမှာ Canola ပန်းတွေ ပွင့်တာ အလှဆုံးနေရာကတော့ Jeju ဖြစ်ပြီး နွေဦးရောက်ပြီဆို အထင်ရှားဆုံး Canola တွေကြည့်ဖို့ အကောင်းဆုံးနေရာတွေလဲ အများကြီး ရှိပါတယ်။ ဒါပေမဲ့ Jeju ကို သွားဖို့လဲ အဆင်မပြေဘူး။ Canola ပန်းတွေလဲ ကြည့်ချင်ရင်တော့ Seoul မှာ ကြည့်လို့ရတဲ့ နေရာတွေ ရှိပါတယ်။
အဲ့တာကတော့ ဧပြီလနှောင်းပိုင်း/မေလအစောပိုင်းမှာ ကျင်းပတတ်တဲ့ Hangang မြစ်နားက Seoraeseom ကျွန်းမှာဘဲ ဖြစ်ပါတယ်။ Seoraeseom ကျွန်းမှာ ကျင်းပတဲ့ Canola ပွဲတော်ကတော့ Canola ပန်းကြည့်ချင်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ ပွဲတော်တစ်ခုဘဲ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲတော်ကတော့ Hangang Seoraeseom Flower Festival (한강 서래섬 유채꽃축제) ဖြစ်ပါတယ်။
Hangang Seoraeseom Canola ပွဲတော် ကို ဘယ်မှာကျင်းပတာလဲ ?
ဒီ Canola ပွဲတော်ကိုတော့ လူလုပ်ကျွန်းဖြစ်တဲ့ Seoraeseom ကျွန်းပေါ်က Banpo Hangang Park မှာ ကျင်းပတာ ဖြစ်ပါတယ်။ Seoul Metropolitan Government (SMG) ကနေပြီးတော့ ပွဲတော်ကို
စီစဥ်ကျင်းပပေးတာဘဲ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ကျင်းပတာလဲ ?
နှစ်စဉ် မေလရဲ့ ပထမရက်သတ္တပတ် အတွင်းမှာ ဒီ Canola ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်မှာ 18,000 m2 ကျယ်ဝန်းတဲ့ အဝါရောင် canola ပန်းပွင့်တွေကို အပြာရောင် Hangang မြစ်နဲ့ နေဝင်ချိန် အလင်းရောင်ကို နောက်ခံထားပြီး ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကို တဝကြီး ကြည့်ရှုနိုင်မှာဘဲ ဖြစ်ပါတယ်။
2024 ခုနှစ် Hangang Seoraeseom Flower Festival ကို မေလ 10 ရက်နေ့မှ 19 ရက်နေ့အထိ “Canola in Full Bloom” ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 2025 ခုနှစ်မှာလဲ SMG အနေနဲ့ ဘယ်လို theme ပုံစံတွေနဲ့ ပြုလုပ်ပေးသွားမလဲကတော့ စိတ်ဝင်းစားဖို့ကောင်းပါတယ်။ ဘယ်လိုပုံစံဘဲဖြစ်ဖြစ် Seoul မှာ Canola ပန်းပွဲတော်နဲ့ ပတ်သက်ရင် Hangang Seoraeseom Canola Festival ကတော့ အကောင်းဆုံးဖြစ်ပါတယ်။
#event #canola #flower #seoul #festival #korea #myanmar #MyanGoal







Leave a Reply
You must be logged in to post a comment.