0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2 / ဆိုးလ်က အကောင်းဆုံး စျေးဝယ်စင်တာ 9 ခု
Mar 20, 2025
—
by
Milo Kevin
in
Shopping & Promo
ဒီနေ့မှာတော့ ကျန်နေသေးတဲ့ ဆိုးလ်က အကောင်းဆုံး စျေးဝယ်စင်တာ 9 ခုထဲက နောက်ထပ် အမိုက်စား shopping malls 5 ခုဖြစ်တဲ့ I’Park Mall, D-Cube City Mall, Migliore Mall, Noon Square, Tong-In Store တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
5.I’Park Mall
I’Park Mall ကတော့ I’Park Department Store၊ Digital Shopping Center နဲ့ Event Park ဆိုပြီး ဧရိယာ ၃ ခု ခွဲခြားထားပါတယ်။ ဒီ 11 ထပ်ရှိတဲ့ ကုန်တိုက်ဟာ Yongsan ဘူတာ၊ KTX ရထားဘူတာရုံတို့နဲ့ ချိတ်ဆက်ထားတာကြောင့် အဆင်ပြေစွာ သွားလာနိုင်ပါတယ်။ အားကစားပစ္စည်းတွေ၊ ပရိဘောဂတွေ၊ ဖက်ရှင်၊ အိမ်သုံးနဲ့ ဒစ်ဂျစ်တယ်သုံးပစ္စည်းတွေ ရောင်းချပေးတဲ့ ဆိုင်ခန်းတွေအပြင် စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ဘားတွေပါ ရှိတာကြောင့် စျေးဝယ်ထွက်တဲ့အခါမှာ တနေရာထဲမှာ အစုံအလင် ရရှိနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စာအုပ်ဆိုင်၊ arcade ဂိမ်း ဆော့လို့ရတဲ့ နေရာတွေ၊ outdoor ဥယျာဉ်နဲ့ ရုပ်ရှင်ရုံတွေလို ဖျော်ဖြေရေးအတွက်လဲ ဖန်တီးထားပါတယ်။
တည်နေရာ- 55 Hangang-daero 23-gil၊ Yongsan-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
ဖွင့်ချိန်- တနင်္ဂနွေ-ကြာသပတေးနေ့ နံနက် 10.30 မှ 8.30 နာရီ၊ သောကြာနှင့် စနေနေ့ နံနက် 10.30 မှ 9 နာရီအထိ
6.D-Cube City Mall
Sindorim ဘူတာနဲ့ ချိတ်ဆက်ထားတာကြောင့် D-Cube City Mall ကတော့ သွားရလာရ လွယ်ကူတဲ့အပြင် ဒီနေရာမှာ အလှကုန်၊ အားကစားပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေအပြင် နောက်ဆုံးပေါ် နိုင်ငံတကာ ဖက်ရှင်ခေတ်ရေစီးကြောင်းအလိုက် ရောင်းချပေးတဲ့ စတိုးဆိုင်ပေါင်းများစွာကို တွေ့နိုင်ပါတယ်။ ဗိုက်ဆာလာပြီဆိုရင်လဲ Korean Market Street မှာ ကိုရီးယား ရိုးရာအစားအစာတွေကို စားနိုင်ပြီး ဟင်းချက်စရာတွေကို ဝယ်ချင်တယ်ဆိုရင်လဲ ကုန်ခြောက်ဆိုင်တွေလည်း အများကြီးရှိပါတယ်။ D-Cube ပြဇာတ်ရုံနဲ့ Space Sindorim ပြဇာတ်ရုံတွေမှာ ပြဇာတ်တွေ၊ ဂီတနဲ့ ပြပွဲတွေကို ခံစားနိုင်ပြီး ကလေးတွေအနေနဲ့လဲ Pororo Theme Park မှာ ပျော်ရွှင်ဖွယ်ရာ ဂိမ်းတွေကိုလဲ ဆော့နိုင်မှာဘဲ ဖြစ်ပါတယ်။
တည်နေရာ- 662 Gyeongin-ro၊ Sindorim-dong၊ Guro-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၁၀း၃၀ မှ ၈း၃၀ နာရီအထိ
7.Migliore Mall
Migliore Mall ကတော့ လက်ကားဆိုင်တွေ၊ စျေးမကြီးတဲ့ ဆိုင်တွေအပြင် ကော်ဖီဆိုင်တွေ ရာပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ Dongdaemun က ဖက်ရှင်စျေးဝယ်စင်တာ တစ်ခုဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး အဝတ်အထည်တွေ ဖြစ်ဖြစ်၊ အရုပ်တွေ၊ ဖိနပ်၊ အိတ် ဒါမှမဟုတ် အမှတ်တရ လက်ဆောင်တွေ ဝယ်ချင်တာပဲဖြစ်ဖြစ် ဒီနေရာမှာ ရှာလို့ရပါတယ်။ စျေးနှုန်းတွေကလဲ ဆိုးလ်က တခြားစျေးဝယ်စင်တာ အများစုထက် 40% ခန့်သက်သာပြီး တချို့ဆိုင်တွေမှာဆိုလဲ ရောင်းချသူတွေကို ဈေးဆစ်ကြည့်လို့ရနိုင်ပါတယ်။ ကော်ဖီဆိုင်တွေမှာဆိုလဲ အဆာပြေစားဖို့ အရသာရှိတဲ့ လမ်းဘေးအစားအစာမျိုးစုံကို ခင်းကျင်းရောင်းချပေးပါတယ်။
တည်နေရာ- 263 Jangchungdan-ro၊ Jung-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၁၀း၃၀ မှ ၂း၃၀ ထိ
8.Noon Square
Mango၊ Steve Madden၊ Jessica Simpson၊ H&M နဲ့ ZARA အပါအဝင် နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ် အများအပြားရှိတာကြောင့် ဖက်ရှင်ချစ်သူတွေ အကြိုက်တွေ့မှာဘဲ ဖြစ်ပါတယ်။ အဝတ်အထည်တွေအပြင် ဖိနပ်၊ ဆက်စပ်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေ၊ လက်ကိုင်အိတ်တွေ၊ အလှကုန်တွေလဲ ရောင်းချတဲ့အပြင် ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေကို ရောင်းချပါတယ်။ Noon Square ဟာ Myeongdong မှာတည်ရှိတာကြောင့် လူစည်ကားတဲ့ စျေးဝယ်စင်တာတခုဖြစ်ပြီး Myeongdong Nanta Theatre နဲ့ Myeongdong Cathedral တို့လို နာမည်ကြီးနေရာတွေကိုလဲ သွားနိုင်ပါသေးတယ်။
တည်နေရာ- 14 Myeongdong-gil၊ Jung-gu၊ ဆိုးလ်၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ
9.Tong-In Store
ဒေသခံတွေအတွက် 1941 ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Tongin ရိုးရာစျေးကတော့ ရိုးရာလက်မှုပညာ၊ အဝတ်အထည်နဲ့ စာအုပ်တွေကို ရှာဖွေနိုင်တဲ့ ဈေးဝယ်စင်တာတစ်ခု ဖြစ်ပါတယ်။ Insa-dong လမ်းပေါ်မှာ တည်ရှိပြီး ဒီနေရာမှာ တောင်ကိုရီးယားက အကောင်းဆုံး လက်မှုပညာနဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းချနေတဲ့ ဆိုင်ပေါင်း 100 ကျော်ရှိပါတယ်။ လှပတဲ့ ကျောက်စိမ်းအိုးတွေ၊ လက်လုပ် လက်ဝတ်ရတနာတွေကနေ ရိုးရာပန်းချီနဲ့ ပန်းပုရုပ်တုတွေအထိ ရှိပြီး အမှတ်တရလက်ဆောင် အဖြစ် ဝယ်ယူချင်သူတွေအတွက်လဲ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ကိုရီးယားရိုးရာ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဝယ်နိုင်ပြီး စျေးနှုန်းတွေကလဲ ဆိုးလ်မြို့တွင်းရှိ ဆိုင်အများစုထက် သက်သာပါတယ်။ လမ်းဘေးအစားအစာ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအပြင် ရှေးဟောင်းနဲ့ ခေတ်ပြိုင် အနုပညာလက်ရာတွေ၊ ရိုးရာပန်းချီတွေနဲ့ အနုပညာရှင်အသစ်တွေရဲ့ အနုပညာလက်ရာတွေကို ပြသနေတဲ့ ပန်းချီပြခန်းကိုလည်း တွေ့နိုင်ပါတယ်။
တည်နေရာ- 18 Jahamun-ro 15-gil၊ Jongno-gu၊ ဆိုးလ်၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၇ နာရီမှ ည ၉ နာရီအထိ
#myangoal #shopping #ShoppingMall #seoul #korea #Myanmar
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
iOS အကြီးမားဆုံး ပြောင်းလဲမှုတွေပါဝင်လာမယ့် iOS 19
Next:
Super Junior ရဲ့ နှစ် 20 ပြည့် အထိမ်းအမှတ် reality show လာပါပြီ
→
Latest
“လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”
“လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”နိုဘယ်လ်ရူပဗေဒဆုရှင် ဒေးဗစ်ဂရော့စ်က ကမ္ဘာကြီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရင်လေးစရာကောင်းတဲ့ ခန့်မှန်းချက်တစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။…
Read more
: “လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ၃၅ နှစ်”
Siri ရဲ့ ဦးနှောက်အဖြစ် Gemini AI က တာဝန်ယူတော့မယ့် နည်းပညာခေတ်သစ်”
Apple နဲ့ Google တို့ရဲ့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားရတဲ့ ပူးပေါင်းမှုဟာ အခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ Google…
Read more
: Siri ရဲ့ ဦးနှောက်အဖြစ် Gemini AI က တာဝန်ယူတော့မယ့် နည်းပညာခေတ်သစ်”
စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold
စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold Samsung ရဲ့ ဆန်းသစ်လှတဲ့ နှစ်ဆင့်ခေါက်ဖုန်း Galaxy Z…
Read more
: စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold
Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။…
Read more
: Nvidia ရဲ့ CEO Jensen Huang က နည်းပညာလောကကို တုန်လှုပ်စေမယ့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ
Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ ပြောင်းလဲခြင်း” ဝန်ဆောင်မှုကို Google က…
Read more
: Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.