0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2/ ဆိုးလ်မှာ စျေးဝယ်လို့အကောင်းဆုံးနေရာများ
Mar 8, 2025
—
by
Milo Kevin
in
Shopping & Promo
ဒီနေ့မှာတော့ စျေးဝယ်ထွက်ရတာ ကြိုက်တဲ့သူတွေအတွက် ကျန်နေသေးတဲ့ ဆိုးလ်ရဲ့ စျေးဝယ်လို့ အကောင်းဆုံးနေရာတွေဖြစ်တဲ့ Samcheong-dong၊ Hongdae၊ Apgujeong၊ Dongdaemun တို့အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
Samcheong-dong
Samcheong-dong ကတော့ ဆိုးလ်မှာ retro vibe အငွေ့အသက်ရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ တမူထူးခြားပြီး ချစ်စရာ အိမ်အတွင်းပိုင်းပစ္စည်းတွေ၊ နေ့စဉ်သုံးပစ္စည်းတွေနဲ့ စာရေးကိရိယာတွေကို ရောင်းချပေးနေတဲ့ အရောင်းဆိုင်ငယ်ပေါင်း များစွာရှိပါတယ်။ Samcheong-dong ကော်ဖီဆိုင်များတွင် တွေ့ရလေ့ရှိသော အိမ်သုံးပစ္စည်းများသည် ခေတ်မီသော ဈေးဝယ်သူများအတွက် အထူးရေပန်းစားပါသည်။ အိမ်အတွက်ဘဲ ဖြစ်ဖြစ်၊ စာကြည့်စားပွဲအတွက်ဘဲ ဖြစ်ဖြစ် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှာနေတယ်ဆိုရင်တော့ Samcheong-dong က ဆိုင်တွေမှာ ရှာဖွေကြည့်နိုင်ပါတယ်။ ထူးခြားဆန်းသစ်ပြီး hand-made အ၀တ်အထည်တွေနဲ့ လက်ဝတ်ရတနာတွေကို ရှာဖွေနေရင်လဲ ဒီဧရိယာက အသင့်လျော်ဆုံး ဖြစ်ပါတယ်။
Hongdae
Hongdae ကတော့ ခေတ်ဆန်ဆန် ပတ်ဝန်းကျင်ရှိပြီး ဆိုးလ်က လူငယ်တွေကြား နာမည်ကြီးတဲ့ နေရာတစ်ခု ဖြစ်ရုံသာမက Hongik တက္ကသိုလ်က ကျောင်းသားတွေလဲ အလာများကြပါတယ်။ ဒီဧရိယာမှာ အေးဆေးအနားယူလို့ရတဲ့ ကဖေးတွေ၊ ပန်းချီပြခန်းတွေ၊ ဖက်ရှင်ဆိုင်တွေ၊ live music နားထောင်လို့ရတဲ့ ဘားတွေ၊ ကလပ်တွေ ရှိတာကြောင့် လူငယ်တွေအများဆုံး သွားရောက် လည်ပတ်လေ့ရှိပါတယ်။ Handmade အ၀တ်အထည်တွေကနေ ဇိမ်ခံပစ္စည်းတွေအထိ ကုန်ပစ္စည်းမျိုးစုံ ရောင်းချပေးနေတဲ့ ဆိုင်များစွာရှိပါတယ်။ အနုပညာနဲ့ ယဥ်ကျေးမှုကြွယ်ဝတဲ့ ဧရိယာတစ်ခုဖြစ်တာကြောင့် Hongdae မှာ လမ်းဘေးဖျော်ဖြေတင်ဆက်သူတွေ၊ ပန်းချီပြခန်းတွေကို လာရောက်လည်ပတ်သူတွေ စည်ကားလေ့ရှိတတ်ပါတယ်။ နာမည်ကြီး ဇိမ်ခံအမှတ်တံဆိပ်တွေနဲ့ ခေတ်မီတဲ့ တောင်ကိုးရီးယား အမှတ်တံဆိပ်တွေကိုလဲ ရှာတွေ့နိုင်သလို လက်လုပ် အမှတ်တရပစ္စည်းတွေ ရောင်းချပေးတဲ့ ဆိုင်တွေကိုလဲ တွေ့နိုင်ပါသေးတယ်။
Apgujeong
Apgujeong ကတော့ ဆိုးလ်ရဲ့ နာမည်ကြီး ဒီဇိုင်နာ အမှတ်တံဆိပ်တွေကို ဝယ်ယူနိုင်တဲ့ ဈေးဧရိယာတစ်ခု ဖြစ်ပါတယ်။ ဒီနာမည်ကြီး ဧရိယာရဲ့ လမ်းတွေတလျှောက် အလှပြင်ဆေးခန်းတွေ၊ ကုန်တိုက်တွေ၊ ဇိမ်ခံအမှတ်တံဆိပ်ဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေ အများအပြားရှိပါတယ်။ ဤနေရာတွင်ရရှိနိုင်သောတွင် Apgujeong က Galleria Shopping Mall မှာ Goyard၊ Valentino နှင့် Saint Laurent တို့လို နိုင်ငံတကာ အမှတ်တံဆိပ် အများအပြားကို ရောင်းချပေးပါတယ်။ Apgujeong Rodeo Street ဆိုရင်လဲ plastic surgery နဲ့ skincare နဲ့ ပတ်သက်တာတွေအတွက် အဓိကနေရာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ကဖေးတွေနဲ့ စားသောက်ဆိုင်တွေ ကောင်းကောင်းလဲ ရှိပါတယ်။ K-drama ပရိသတ်တွေအနေနဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ရှိုးတွေကို ရိုက်ကူးခဲ့တဲ့ နေရာတွေကို တွေ့နိုင်ပါသေးတယ်။
Dongdaemun
Dongdaemun ကတော့ တောင်ကိုရီးယားရဲ့ အကြီးဆုံး လက်လီ လက်ကားဈေးဝယ်လို့ရတဲ့ ဧရိယာတွေထဲက တစ်ခုဖြစ်တာကြောင့် ဒီဧရိယာအနှံ့ စျေးဝယ်ထွက်ချင်ရင်တော့ အချိန်များများပေးဖို့ လိုအပ်ပါတယ်။ ဒီဧရိယာမှာ စျေးဝယ်စင်တာ 26 ခု၊ ဆိုင်ပေါင်း 30,000 ရှိတာကြောင့် လိုအပ်တာမှန်သမျှကို ကြိုက်သလို ရှာဖွေနိုင်မှာဘဲ ဖြစ်ပါတယ်။ အထည်အလိပ်၊ အဝတ်အစား၊ ဖိနပ်နဲ့ လက်ဝတ်ရတနာတွေ၊ သားရေသုံးပစ္စည်းတွေ၊ အရုပ်၊ အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ ရုံးသုံးပစ္စည်းအထိ ရောင်းချပေးပါတယ်။ Dongdaemun မှာ ကိုရီးယား လမ်းဘေးအစားအစာတွေနဲ့ အဆာပြေအတွက် လမ်းကြားတစ်ခုရှိပါသေးတယ်။ ဆိုးလ်မှာ နေဝင်ပြီးနောက် ဒီနေရာတဝိုက်မှာ ဂီတနဲ့ အကဖျော်ဖြေမှုတွေ၊ ပွဲတော်တွေ၊ ဖက်ရှင်ရှိုးတွေ ကျင်းပလေ့ရှိတာကြောင့် ညဘက်ဆိုရင်လဲ လူစည်ကားနေလေ့ရှိပါတယ်။
#myangoal #shopping #korea #myanmar #seoul #placestogo #markets
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
အသုံးပြုမှုရပ်နားတော့မယ့် Skype
Next:
ဖုန်းအသစ် တစ်မျိုးမိတ်ဆက်မယ့် Samsung
→
Latest
Google အကောင့် စကားဝှက် မေ့သွားရင်
Google အကောင့် စကားဝှက် မေ့သွားလို့ပဲဖြစ်ဖြစ်၊ Locked ကျသွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ ပြန်ဝင်လို့ရမယ့် Selfie ဗီဒီယိုနဲ့…
Read more
: Google အကောင့် စကားဝှက် မေ့သွားရင်
ရုပ်ရှင်အရှည်ကြီးတွေကို စက္ကန့်ပိုင်းနဲ့ ဒေါင်းလုဒ်ဆွဲနိုင်မယ့် ကမ္ဘာ့ပထမဆုံး ကူးသန်းရောင်းဝယ်ရေးသုံး 10G Broadband ကွန်ရက်ကို တရုတ်နိုင်ငံ စတင်မိတ်ဆက်
ရုပ်ရှင်အရှည်ကြီးတွေကို စက္ကန့်ပိုင်းနဲ့ ဒေါင်းလုဒ်ဆွဲနိုင်မယ့် ကမ္ဘာ့ပထမဆုံး ကူးသန်းရောင်းဝယ်ရေးသုံး 10G Broadband ကွန်ရက်ကို တရုတ်နိုင်ငံ စတင်မိတ်ဆက်…
Read more
: ရုပ်ရှင်အရှည်ကြီးတွေကို စက္ကန့်ပိုင်းနဲ့ ဒေါင်းလုဒ်ဆွဲနိုင်မယ့် ကမ္ဘာ့ပထမဆုံး ကူးသန်းရောင်းဝယ်ရေးသုံး 10G Broadband ကွန်ရက်ကို တရုတ်နိုင်ငံ စတင်မိတ်ဆက်
တောင်ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ အခက်အခဲဖြစ်နေလား ?
တောင်ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ အခက်အခဲဖြစ်နေလား ? ငွေရေးကြေးရေးကြောင့်ဘဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့အမှတ် အသက်ကြောင့် ကျောင်းလျှောက်ဖို့အတွက် စဉ်းစားရခက်နေလား…
Read more
: တောင်ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ အခက်အခဲဖြစ်နေလား ?
Sungkyunkwan University မှာ ကျောင်းသွားတက်ရင် ဘယ်နေရာတွေ အရင်ဆုံးသွားချင်လဲ ?
တောင်ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေကြသူတွေရှိကြလား ? ဆိုးလ်မြို့ထဲမှာ ကျောင်းတက်ချင်လို့လဲ Sungkyunkwan University ကိုရွေးထားကြတဲ့ သူတွေရှိကြလား? …
Read more
: Sungkyunkwan University မှာ ကျောင်းသွားတက်ရင် ဘယ်နေရာတွေ အရင်ဆုံးသွားချင်လဲ ?
Daegu (대구) က ဘာကြောင့် ကိုရီးယားမှာ ပညာသင်ကြားဖို့ အကောင်းဆုံးမြို့တွေထဲက တမြို့ဖြစ်တာလဲ?
Daegu ဟာ ဆိုးလ်နဲ့ ဘူဆန်ကြားမှာ တည်ရှိပြီး Seoul, Busan နဲ့ Incheon မြို့တို့ပြီးရင်…
Read more
: Daegu (대구) က ဘာကြောင့် ကိုရီးယားမှာ ပညာသင်ကြားဖို့ အကောင်းဆုံးမြို့တွေထဲက တမြို့ဖြစ်တာလဲ?
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.