အသုံးပြုမှုရပ်နားတော့မယ့် Skype

အသုံးပြုမှုရပ်နားတော့မယ့် Skype

Skype ကို မေလကစပြီး အသုံးပြုမှု ရပ်လိုက်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင် Skype အသုံးပြုသူတွေကို Teams ကိုပြောင်းလဲ အသုံးပြုဖို့ တိုက်တွန်းနေကြပါပြီ။ 

ယခုနှစ်မေလမှစပြီး မိုက်ခရိုဆော့ကုမ္ပဏီက Skype Application ကို အသုံးပြုမှုရပ်နားတော့မှာဖြစ်ပြီး ၊ မိုက်ခရိုဆော့ Teams ကိုပြောင်းလဲသုံးစွဲနိုင်ကြောင်းပြောထားပါတယ်။ 

ဥရောပကုမ္ပဏီတစ်ခုက တီထွင်ခဲ့သော Skype ကို အမေရိကန်ကုမ္ပဏီ မိုက်ခရိုဆော့က လွန်ခဲ့သည့် ၁၄ နှစ်ကျော်က ဝယ်ယူခဲ့တာဖြစ်ပြီး မေလမှာတော့ Official ပိတ်သိမ်းသွားတော့မှာဖြစ်ပါတယ်။ 

ဒီ App ကတော့ Video Call နဲ့ အစည်းအဝေးတွေလုပ်တာ၊ စကားအပြန်အလှန်ပြောတာနဲ့ ဆက်သွယ်ရေးကဏ္ဍကို ပြောင်းလဲခဲ့တဲ့ App ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာတော့ သူ့ထက် ပိုသုံးလာတဲ့  Zoom၊ Google Hangout နှင့် မိုက်ခရိုဆော့၏ Teams ဆက်သွယ်ရေးအပလီကေးရှင်းများက နေရာယူလာတဲ့အတွက် မိုက်ခရိုဆော့ကလည်း Skype ကို အနားပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ 

နောက်ပိုင်းမှာတော့ Skype က အချက်လက်တွေကို Teams စီကို လွဲပြောင်းထားနိုင်ကြောင်းလည်း  မိုက်ခရိုဆော့ရဲ့ App ဦးစီးသူကပြောခဲ့တာဖြစ်ပါတယ်။ 


Latest