0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
2 / Jeju ကျွန်းကိုရောက်ရင် ဒါတွေ (Noodle and Soup) စားကြည့်ခဲ့ပါ။
Mar 7, 2025
—
by
Milo Kevin
in
Food & Drinks
Jeju ကျွန်းကို နွေရာသီမှာ မသွားဖြစ်ဘဲ ဆောင်းတွင်းမှာ သွားရောက်လည်ပတ်ဖြစ်တဲ့အခါ ပူပူနွေးနွေးလေး ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စွပ်ပြုတ်တွေ၊ ခေါက်ဆွဲပြုတ်တွေကို မြည်းစမ်းခဲ့ကြည့်ဖို့ မမေ့ပါနဲ့။ ဘယ်ဟင်းလျာတွေ ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည်ကြည့်လိုက်ပါ။
1.Momguk (Gulfweed Soup)
Momguk ကတော့ ဝက်သားပြုတ်ရည်ကို gulfweed ရယ် အသားနဲ့အူတွေပါ ထည့်ပြီးချက်ပြုတ်ထားတဲ့ Jeju ဒေသထွက် ဟင်းလျာဖြစ်ပါတယ်။ ဟင်းရည်ကို ဝက်သား၊ အရိုးတွေနဲ့ အူတွေကိုပါ တစ်ချိန်တည်းပြုတ်တာကြောင့် အရသာကတော့ ပျစ်ပျစ်နှစ်နှစ် အသားဓာတ်အပြည့်အဝကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီဟင်းလျာကို Jeju haenyeo (အမျိုးသမီးရေငုပ်သမား) တွေဟာ ရေထဲမှာ အချိန်ကြာကြာ အမဲလိုက်ပြီးတဲ့အခါ အေးစက်နေတဲ့ ခန္ဓာကိုယ်ကို နွေးထွေးဖို့နဲ့ ကယ်လိုရီတွေ ဖြည့်တင်းဖို့အတွက် ကုန်းပေါ်ပြန်ရောက်ရင် မကြာခဏ စားလေ့ရှိပါတယ်။ Jeju ကျွန်းမှာ မိသားစု ဒါမှမဟုတ် ရွာနဲ့ပတ်သက်တဲ့ ပွဲတော်တွေ ကျင်းပတဲ့ အခါတိုင်း ဝက်သားနဲ့ပတ်သက်တဲ့ ဟင်းလျာတွေ ချက်ပြုတ်တဲ့ ဓလေ့လည်းရှိတာကြောင့် momguk စွပ်ပြုတ်ဟာ ပွဲတော်တွေမှာ မပါမဖြစ် ဟင်းလျာဖြစ်ပါတယ်။
2.Samgyetang (ginseng chicken soup)
ဂျင်ဆင်းကြက်သားစွပ်ပြုတ်ကတော့ ပင်လယ်ရုလို အထူးပါဝင်ပစ္စည်းတွေပါဝင်ပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေတာကြောင့် နာမည်ကြီးတဲ့ Jeju ရဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ Samgyetang ဟာ ပြင်းထန်တဲ့ နွေရာသီအပူအောက်မှာ Bongnal (အပူဆုံး သုံးရက်) မှာ စားဖို့ ရေပန်းစားတဲ့ အစားအစာဖြစ်ပါတယ်။ Jeju ကျွန်းဟာ ပင်လယ်ဝန်းရံထားတဲ့ ကျွန်းဖြစ်တာကြောင့် ပင်လယ်ခရုကို ထည့်ချက်ထားတဲ့ samgyetang ကို စားတဲ့အခါမှာ လတ်လတ်ဆတ်ဆတ် စားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂျင်ဆင်းကြက်သားစွပ်ပြုတ်ဟာ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး အစာအိမ်ကိုလည်း ကာကွယ်ပေးတာကြောင့်လဲ လူသိများပါတယ်။
3.Seongge miyeokguk (sea urchin seaweed soup)
သံပခြုပ်ရေညှိစွပ်ပြုတ်ဟာ အရေးကြီးတဲ့ ဧည့်သည်တွေ စားလေ့ရှိတဲ့ Jeju ကျွန်းရဲ့ သင်္ကေတ ဒေသထွက် ဟင်းလျာ ဖြစ်ပါတယ်။ Jeju ကျွန်းမှာ သံပခြုပ်တွေကို “gusal” လို့ ခေါ်တာကြောင့် ဒီဟင်းချိုကို “gusalguk” လို့လဲ ခေါ်ပါတယ်။ ဒီစွပ်ပြုတ်မှာ သံပခြုပ်ရဲ့ ပျော့ပျောင်းတဲ့ အရသာနဲ့ ရေညှိရဲ့ အရသာဟာ ဟင်းချိုထဲမှာ တော်တော်လေး အရသာ လိုက်ဖက်ညီပါတယ်။ သံပခြုပ်တွေမှာ ဗီတာမင်၊ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး ပင်လယ်ရေညှိမှာ ကယ်လ်စီယမ်ဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ပါတယ်။
4.Kkwong memil kalguksu (buckwheat noodle soup with pheasant)
ရစ်ငှက်ပန်းဂျုံခေါက်ဆွဲပြုတ်ဟာလဲ Jeju ရဲ့ ဒေသထွက် ဟင်းလျာတစ်ခုဖြစ်ပြီး ပါးပါးလှီးထားတဲ့ ပန်းဂျုံခေါက်ဆွဲကို ရစ်ငှက်ပြုတ်ရည်ထဲမှာ ပါးပါးလေးလှီးထည့်ထားတာ ဖြစ်ပါတယ်။ Jeju ကျွန်းပေါ်မှာ ကြက်သားဟာ အဖိုးတန်အစားအစာလို့ ယူဆပြီး ဟင်းရည်ချက်ဖို့ ငှက်ငယ်တွေကို အမဲလိုက်လေ့ရှိကြပါတယ်။ ဒါကြောင့် ဒီလို ရစ်ငှက်ကို အသုံးပြုပြီး ပန်းဂျုံခေါက်ဆွဲပြုတ်ကို စားသုံးလာကြတာ ဖြစ်ပါတယ်။ ရစ်ငှက်ပန်းဂျုံခေါက်ဆွဲပြုတ်ဟာ ရစ်ငှက်အသားများ ပါဝင်တာကြောင့် အဆီနည်းပြီး ပရိုတင်းဓာတ်များတဲ့ အစားအစာဖြစ်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့ ငှက်အရိုးနဲ့ ပြုတ်ထားတဲ့ ဟင်းရည်၊ Rutin ကြွယ်ဝတဲ့ ပန်းဂျုံခေါက်ဆွဲ၊ ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥဖြူ တို့ပါဝင်တာကြောင့် အာဟာရမျှတပြီး ကလေးတွေ ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးကောင်းမွန်တာကြောင့် မိသားစုနဲ့ စမ်းစားကြည့်သင့်ပါတယ်။
5.ပင်လယ်စာ ramyeon
Jeju ရဲ့ ပင်လယ်စာ ramyeon ကတော့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေ ပါဝင်ပြီး မြို့ပေါ်က ပင်လယ်စာတွေနဲ့ နှိုင်းယှဉ်ရင် အရသာအသစ်အဆန်းကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ Jeju ကျွန်းက ပင်လယ်စာ ramyeon တွေဟာ ရောင်းချတဲ့ စားသောက်ဆိုင်ပေါ်မူတည်ပြီး ဆိုင်တိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အရသာတွေနဲ့ ရောင်းချတာဖြစ်ပါတယ်။ Ramyeon ထဲမှာ ပင်လယ်ကနေ လတ်လတ်ဆတ်ဆတ် ဖမ်းမိတဲ့ ဂုံးလုံးတွေ၊ ကဏန်း၊ နဲ့ ပုစွန်တွေအပြင် haenyeo(အမျိုးသမီးငါးဖမ်းသမား) တွေ ဖမ်းထားတဲ့ ရေဘဝဲတွေနဲ့ ရေချိုကျောက်ပုစွန်တွေပါပါတဲ့ ramyeon အရသာမျိုးစုံရှိပါတယ်။
#jeju #noodle #soup #foods #korea #myanmar #myangoal
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
part 2/အဆီပြန်တတ်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေတွေအတွက် ကိုရီးယား Foaming Cleansers 12 ခု
Next:
အသုံးပြုမှုရပ်နားတော့မယ့် Skype
→
Latest
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံ (ဘတ် ၈၄၂…
Read more
: ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.