0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2/အဆီပြန်တတ်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေတွေအတွက် ကိုရီးယား Foaming Cleansers 12 ခု
Mar 7, 2025
—
by
Milo Kevin
in
Shopping & Promo
ဒီနေ့မှာတော့ အဆီပြန်တတ်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေတွေအတွက် ကိုရီးယား Foaming Cleansers 12 ခုထဲက ကျန်နေသေးတဲ့ Foaming Cleansers 6 ခုကို ဖော်ပြပေးလိုက်ပါတယ်။
Innisfree Jeju Volcanic Pore Cleansing Foam
ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံထွက်တာတွေကို စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီ deep cleansing facial foam က အကောင်းဆုံးပါပဲ။ အထူးပါဝင်ပစ္စည်းအနေနဲ့ Jeju ကျွန်းက သတ္တုဓာတ်ကြွယ်ဝတဲ့ မီးတောင်ရွှံ့စေး ပါဝင်ပြီး ချွေးပေါက်ထဲမှာရှိတဲ့ အဆီတွေနဲ့ အညစ်အကြေးတွေကို စုပ်ယူနိုင်ကာ အသားအရေကို သိသိသာသာ ချောမွေ့နူးညံ့ ပေါ်လွင်စေပါတယ်။ ချွေးပေါက်တွေကိုလဲ ကျဉ်းစေပြီး ချွေးပေါက် ပိတ်စေတဲ့ ဆဲလ်တွေ ဖယ်ရှားနိုင်ဖို့အတွက် exfoliating acids၊ lactic acid (AHA) တို့လည်း ပါဝင်ပါ။
‘Some By Mi’ AHA, BHA, PHA 30 Days Miracle Acne Clear Foam
ဒီမျက်နှာသန့်စင်ဆေးမှာ AHAs၊ BHAs နဲ့ PHAs တို့လို ပါဝင်ပစ္စည်းတွေ၊ calamine နဲ့ centella asiatica extract နဲ့ ပေါင်းစပ်ထားတာကြောင့် ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းတွေအားလုံးကို တိုက်ထုတ်ပေးကာ အသားအရေကို ချောမွေ့စေပါတယ်။ ဒါ့အပြင် အမည်းစက်၊ အမာရွတ် ဒါမှမဟုတ် အသားအရောင် မညီညာခြင်းတို့လို အရေပြားဆိုင်ရာ ပြဿနာတွေကိုလဲ ဖြေရှင်းပေးပါတယ်။ လက်ဖက်ရွက်ကြောင့် ဘက်တီးရီးယားပိုးမွှားတွေ၊ မှိုရောဂါနဲ့ ရောင်ရမ်းတာတွေကို လျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိများရှိပြီး salicylic acid (5,000 ppm) ကလဲ အရေပြားအပေါ်ဆုံးအလွှာက ဆဲလ်သေတွေကို ဖယ်ရှားပေးကာ ပိုလျှံနေတဲ့ အဆီပိုများကို လျော့ချပေးပြီး ချွေးပေါက်ကိုလဲ ကျဥ်းစေပါတယ်။
Heimish All Clean White Clay Foam
သဘာဝ hypoallergenic ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ဒီနူးညံ့သိမ်မွေ့တဲ့ မျက်နှာသစ်ဆေးကတော့ kaolin (white Amazonian clay) ကြောင့် အသားအရေကို ထိရောက်စွာ detox လုပ်ပေးပြီး မလိုလားအပ်တဲ့ sebum ကိုလဲ ကောင်းစွာစုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကိုလဲ ကောင်းစွာဖယ်ရှားပေးကာ အသားအရေကို လန်းဆန်းလှပစေပါတယ်။ သဘာဝအတိုင်း ဝက်ခြံကုသပေးတဲ့ Tea tree oil ကြောင့် ယားယံတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး အစွမ်းထက်တဲ့ hyaluronic acid ကြောင့်လဲ ရေဓာတ်ခန်းခြောက်တတ်တဲ့ အသားအရေကို အစိုဓာတ်ပြန်လည်ရရှိစေပါတယ်။
Dear, Klairs Rich Moist Foaming Cleanser
ယားယံခြင်းမရှိတဲ့ ဖော်မြူလာကြောင့် မျက်နှာကို ရေဓာတ်ထိန်းထားချိန်မှာ ချွေးပေါက်တွေကို နက်ရှိုင်းစွာသန့်စင်ဖို့နဲ့ မလိုအပ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ဓာတုဆပ်ပြာ (SLS) အစား amino acid (ပရိုတင်းရဲ့ အဓိကအစိတ်အပိုင်း) ကို အသုံးပြုပါတယ်။ Hyaluronic acid, ceramide, tea tree oil, aloe vera, ginseng, and licorice extract တို့နဲ့ ဖော်စပ်ထားတာကြောင့် အာဟာရပြည့်ပြီး အစိုဓာတ်ထိန်းထားကာ မျက်နှာကို သန့်စင်ပြီးသွားရင် အသားအရေကို နူးညံ့စေပါတယ်။ ဒီ vegan နဲ့ hypoallergenic မျက်နှာသစ်ဆေးမှာတေ alcohol၊ parabens နှင့် ဓာတုဆိုးဆေးအတုတွေ ကင်းစင်ပါတယ်။
Pyunkang Yul Low pH Pore Deep Cleansing Foam
ဒီ sulfate-free cleanser ကတော့ သစ်သီးကနေရရှိတဲ့ alpha hydroxy acid (AHA) ပါဝင်ပြီး အရေပြားအတွင်းပိုင်းထိ နက်ရှိုင်းစွာ သန့်စင်ပေးပြီး မိတ်ကပ်အကြွင်းအကျန်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ရောင်ရမ်းတာတွေကို သက်သာစေတဲ့ centella asiatica၊ green tea၊ tea tree extract နဲ့ beta-glucan တို့ ပေါင်းစပ်ပါဝင်တာကြောင့် ယားယံတတ်ပြီး sensitive အသားအရေတွေကို သက်သာစေပြီး hyaluronic acid ကြောင့်လဲ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး တင်းရင်းစေပါတယ်။
Mizon Snail Repairing Foam Cleanser
ဒီမျက်နှာသစ်ဆေးမှာပါတဲ့ ခရုအချွဲဟာ ပရိုတင်းတွေ၊ glycolic acid၊ copper peptides နဲ့ elastin တို့ ပါဝင်တဲ့အပြင် အရေပြား ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်တွေ ပြောင်းလဲမှုကို လှုံ့ဆော်ပေးတာကြောင့် skin barrier ကို အားကောင်းစေပါတယ်။ ဒါ့အပြင် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အရေးအကြောင်းတွေကိုလဲ လျော့ပါးစေပါတယ်။ သင်္ဘောသီးကလဲ အသားအရေကို နူးညံ့ချောမွေ့စေပြီး တောက်ပမှုမရှိတဲ့ အသားအရေကို တောက်ပလာစေကာ hyaluronic acid ကြောင့်လဲ အရေပြားရဲ့ အစိုဓာတ်ကို မြှင့်တင်ပေးပါတယ်။ နက်ရှိုင်းစွာ သန့်စင်ပေးတဲ့ ဖော်မြူလာကြောင့် တွယ်ကပ်စေပြီး ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို သန့်စင်စေပြီး အမည်းစက်တွေကိုလဲ အရောင်မှေးမှိန် လာစေပါတယ်။
#myangoal #cosmetics #shopping #cleanser #korea #Myanmar
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
iPhone တစ်လုံးပူလာခဲ့ရင်
Next:
2 / Jeju ကျွန်းကိုရောက်ရင် ဒါတွေ (Noodle and Soup) စားကြည့်ခဲ့ပါ။
→
Latest
နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်
နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို…
Read more
: နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်
iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း ပေါက်ကြားမှုအသစ်များ ထွက်ပေါ်
iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း…
Read more
: iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း ပေါက်ကြားမှုအသစ်များ ထွက်ပေါ်
Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ
Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့…
Read more
: Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့…
Read more
: Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လူသားပုံတူ Humanoid Robots…
Read more
: အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.