တစ်ကမ္ဘာလုံးမှာ Memory Chip ဈေးနှုန်းတွေ ခေါက်ခိုက်အောင် တက်နေတဲ့ အကျပ်အတည်းကို ကျော်လွှားဖို့အတွက် စမတ်ဖုန်း ထုတ်လုပ်သူတွေဘက်က နည်းလမ်းသစ်တစ်ခု ကြံဆလာကြပါတယ်

ဒါကတော့ ဖုန်းထုတ်လုပ်မှု မပြတ်တောက်စေဖို့နဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့အတွက် မလိုတော့လို့ သီးသန့် ဖယ်ထားတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ ဆာဗာဟောင်းတွေဆီက DRAM တွေကို ပြန်လည် သန့်စင်ပြီး Budget Phones တွေမှာ ပြန်လည် တပ်ဆင် အသုံးပြုလာကြတာပါ။

ဒီလို ပြန်ထုတ်ထားတဲ့ Memory Chip အဟောင်းတွေကို စနစ်တကျ သန့်စင် စစ်ဆေးပြီးမှသာ ဖုန်းသစ်တွေထဲမှာ ထည့်သွင်း တပ်ဆင်တာဖြစ်ပြီး၊ လက်ရှိမှာ အချို့သော ဖုန်းကုမ္ပဏီတွေဟာ ဒီ Recycled DRAM တွေကို တန်ဖိုးနည်း မော်ဒယ်တွေမှာ စတင် အသုံးပြုနေကြပြီလို့ သိရပါတယ်။

အခုလို Recycle Chip တွေ အသုံးပြုတဲ့ထဲ နာမည်ကြီး တရုတ်ဖုန်း အမှတ်တံဆိပ်တွေ ပါဝင်နေသလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဘယ် brand ကပဲ သုံးသုံး အဆိုပါ Chip အဟောင်းတွေကိုတော့ Entry-level တန်ဖိုးနည်း ဖုန်းအမျိုးအစားတွေမှာပဲ အဓိက သုံးသွားမှာကတော့ သေချာပါတယ်။

ပြန်သုံးထားတဲ့ အချို့ Memory Chip တွေဟာ သက်တမ်း ၆ နှစ်ခန့်အထိ အသုံးပြုထားပြီးသား Chip တွေ ဖြစ်ပါတယ်။ recycled chip သုံးတာကြောင့် ဖုန်းဈေးနှုန်း ပိုမို သက်သာသွားနိုင်ပေမဲ့ Chip ဟောင်းတွေ ဖြစ်တာမို့ ဖုန်းရဲ့ သက်တမ်းတိုသွားတာ၊ Data သိမ်းဆည်းရာမှာ Error ခက်ခက်ခဲခဲ တက်တာနဲ့ ဖုန်းလိုင်း/စနစ် ရวนတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

Counterpoint Research ရဲ့ သုံးသပ်ချက်အရတော့ အခုလို Recycle DRAM တွေ ပြန်လည် အသုံးပြုတာဟာ ယာယီ ဆေးမြီးတို နည်းလမ်းတစ်ခုသာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ Global Chip ရှားပါးမှု ပြဿနာကတော့ ၂၀၂၇ အလွန်အထိ ဆက်လက် တည်ရှိနေဦးမယ်လို့ ခန်းမှန်းထားကြပါတယ်။


Latest