တရုတ်ကယ်ဆယ်ရေးတွေသုံးခဲ့တဲ့ ဘာသာပြန် Deepseek AI

တရုတ်ကယ်ဆယ်ရေးတွေသုံးခဲ့တဲ့ ဘာသာပြန် Deepseek AI

မြန်မာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ငလျင်
ဘေးအန္တရာယ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံရဲ့ DeepSeek AI နည်းပညာကို အခြေခံထားတဲ့ ဘာသာပြန်စနစ်တစ်ခုကို အသုံးပြုခဲ့ကြောင်းသိရပါတယ်။

ဒီစနစ်က မြန်မာနိုင်ငံကို စေလွှတ်ထားတဲ့ တရုတ်
ကယ်ဆယ်ရေးအဖွဲ့တွေအတွက် အထူးပြင်ဆင်ထားတဲ့ တရုတ်-မြန်မာ ဘာသာပြန်ကိရိယာတစ်ခုဖြစ်ပြီး၊ ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်ဖန်တီးထားခြင်းဖြစ်သည်။

DeepSeek AI ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ဒီစနစ်ကို ဘေဂျင်းဘာသာစကားနဲ့ ယဉ်ကျေးမှုတက္ကသိုလ် (BLCU) မှ အင်္ဂလိပ်ဘာသာနဲ့ နိုင်ငံတကာလေ့လာရေးဌာနရဲ့ ကျောင်းအုပ် ဟန်လင်ကျိုအပါအဝင် ပညာရှင်များနဲ့အတူ ပူးပေါင်းအားထုတ်မှုနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးအပြီး၊ နောက်တနေ့တွင် ဤစနစ်ကို အရေးပေါ်အသုံးပြုနိုင်ရန် တီထွင်ခဲ့ကြတာပါ။

တရုတ်ကယ်ဆယ်ရေးအဖွဲ့များကတော့ ငလျင်ဘေးသင့်
ဒေသများကို အစောဆုံးရောက်ရှိခဲ့တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များထဲမှာ ပါဝင်ခဲ့ပြီး၊ ဧပြီလ ၂ ရက်နေ့အထိ အပျက်အစီးများအောက်မှ အသက်ရှင်လျက်ပိတ်မိနေသူ ၉ ဦးထက်မနည်းကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီအောင်မြင်မှုမှာ DeepSeek ရဲ့ ဘာသာပြန်စနစ်ဟာ ဘာသာစကားအတားအဆီးများကို ကျော်လွှားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ဖို့အတွက် အထောက်အကူဖြစ်ခဲ့တယ်လို့ဆိုပါတယ်။


Latest