Your cart is currently empty!
Nubia Z70S Ultra Photographer Edition ကတော့ ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်မယ့် Camera ဦးစားပေး ထိပ်တန်းစမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
ဒီဖုန်းကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက မိတ်ဆက်ခဲ့တဲ့ Nubia Z70S Ultra ရဲ့ နောက်ထပ် Version တစ်မျိုးဖြစ်ပြီး Camera ပိုင်း အလေးပေးပြီး ထုတ်ထားတာဖြစ်ပါတယ်။
Design ပိုင်းမှာတော့ အနက်ရောင်နဲ့ အညိုဖျော့ရောင် နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး (vegan leather) ကိုသုံးထားတဲ့အပြင် ဂန္ထဝင် Camera Design ကို အမှတ်ရစေမယ့် ပုံစံနဲ့ ဖန်တီးထားမှာဖြစ်ပါတယ်။
Camera စနစ်ကတော့ သူ့ရဲ့ အကြီးမားဆုံးအားသာချက်ဖြစ်ပြီး၊ ၃၅ မီလီမီတာ ပင်မကင်မရာပါရှိကာ 50MP (f/1.59-f/4.0 ပြောင်းလဲနိုင်သော အလင်းဝင်ပေါက်)၊ 50MP Ultra Wide Camera နဲ့ 64MP Telephoto Camera တို့ ပါဝင်ပါတယ်။ ၅၀ ဆ (hybrid zoom) နဲ့ အလင်းပုံတည်ငြိမ်မှု (OIS) ကိုလည်း ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် Display အောက်မှာထည့်သွင်းထားတဲ့ Selfie Camera ပါရှိပြီး၊ အပေါက်မပါတဲ့အရှင်းလင်းဆုံး Display Experience ကိုလည်း ပေးစွမ်းမှာဖြစ်ပါတယ်။
Display ကတော့ 6.85 inch နဲ့ OLED မျက်နှာပြင်ပါရှိပြီး 1.5K ရုပ်ထွက်နဲ့ 144Hz (refresh rate) က ချောမွေ့ပြီး ကြည်လင်တဲ့ Experience ကို ပေးစွမ်းမှာဖြစ်ပါတယ်။
Chip ကတော့ Qualcomm Snapdragon 8 Elite Chip ကိုသုံးထားပြီး ဘက်စုံအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။
ဒီဖုန်းက ဓာတ်ပုံဝါသနာရှင်တွေအတွက် အထူးဒီဇိုင်းထုတ်ထားပြီး၊ ကင်မရာနဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ဖို့ (shutter button) နဲ့ Third-Party Lens တွေ တပ်ဆင်လို့ရနိုင်အောင်လုပ်ထားပါတယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံမှာသာ ဒီဖုန်းကို မိတ်ဆက်ရောင်းချမှာဖြစ်ပြီး၊ ကမ္ဘာ့ဈေးကွက်ကိုတော့ ဘယ်အချိန် ထွက်မလဲဆိုတာကိုတော့ မထုတ်ပြန်ရသေးပါဘူး။ စျေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဧပြီ ၂၈ ရက်နေ့မှ အတိအကျသိရမှာပါ။
John Snow ရေးသားသည်။







Leave a Reply
You must be logged in to post a comment.