Your cart is currently empty!
အိုလံပစ် ရေကူးပြိုင်ပွဲများကို Galaxy S24 Ultra နဲ့ရိုက်ကူးပြီး Live လွှင့်ခဲ့တဲ့ Samsung
Samsung ရဲ့ ကင်မရာကလည်း လျှော့တွက်လို့မရတဲ့ထဲပါပါတယ်။ တော်ရုံ Optical Zoom တွေလောက်ကတော့ Samsung က သနားတယ်လို့တောင်ပြောလို့ရပါတယ်။
လရဲ့ Surface ကိုတောင် Zoom ဆွဲပြီးရိုက်နိုင်တဲ့ Samsung ရဲ့ Camera က အခုဆို S24 Ultra နဲ့အတူ ရေထဲမှာပါလိုက်ရိုက်ပြီး အိုလံပစ် ပွဲစဥ်
တစ်လျှောက်မှာပါဝင်လို့လာပါပြီ။
ဒီလိုနေရာမှာ အမှန်တော့ ဒီထက်ကောင်းတဲ့ Action Camera တွေကို သုံးလို့ရနိုင်တာပါပဲ။ ဒါပေမယ့် Samsung ရဲ့ Galaxy S24 Ultra ကို သုံးပေးပြီးရိုက်ခိုင်းတာက သူတို့ရဲ့ Marketing Skill က ဘယ်လောက်ကောင်းကြောင်းကို ကြွားချင်တဲ့ သဘောနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ထင်ထားတာထပ် Quality ပိုကောင်းနေတဲ့ အခြေနေမှာတွေ့ခဲ့ရပါတယ။
S24 Ultra ကိုတော့ boat ပေါ်မှာ cellular လိုင်းဆွဲအားကောင်းတဲ့ Network Base တစ်ခုချပြီး ရိုက်ကူးခဲ့ကျပြီး ပြိုင်ပွဲဝင်သူရဲ့ ပခုံးတွေပေါ်မှာတပ်ဆင်ပြီး သူတို့ပြိုင်ပွဲဝင်တာကို မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။
ရေစိုတာ၊ အကြမ်းခံတာ အားလုံးကိုလည်းပြသွားပြီး တိုက်ရိုက် Live လွင့်မှုကိုလည်း ချောချောမွေ့မွေ့
လုပ်သွားနိုင်ခဲ့ပါတယ်။







Leave a Reply
You must be logged in to post a comment.