လက်ထပ်ခွင့်တောင်းရင် မျက်နှာပန်းလှမယ့် Smart Ring

စမတ် လက်စွပ်ကို Samsung က မနေ့ညက မိတ်ဆက်သွားပါပြီ

ထူးခြားချက်တွေလည်း အများကြီးပါပြီ ဘယ် Brand မှာမှ မထွက်သေးတဲ့ Ring ကြီးနဲ့ အဖွင့်မှာ ကြမ်းပြသွားခဲ့ပါတယ်။

ဒီ Smart Ring လေးက အကုန်လုပ်နိုင်ပြီး ဖုန်းနဲ့ ချိတ်ဆက်တာ ၊ ကျန်းမာရေး အချက်အလက်တွေ တိုင်းတာတွေပါဝင်မှာဖြစ်ပါတယ်။

Titanium ကိုသုံးထားပြီး အရောင်တွေကလည်း ရွေးချယ်လို့ရသေးတဲ့အပြင် Titanium Gold လေးကတော့ ရွေးချယ်ချင်စရာလေးပါပဲ။ အရွယ်အစားအတွက် Size 9 မျိုးရပါမယ်။

လုပ်ဆောင်ချကိတွေအနေနဲ့ Sleep Tracking , Wellness Tips နဲ့ Energy Score တွေကို တိုင်းနိုင်မှာဖြစ်ပါတယ်။

ရေစိုလဲခံလို့ စိတ်မပူနဲ့ အားသွင်းရပေမဲ့ ၇ ရက်အားခံမယ် တစ်လမှ အား (၄) ခါ ပဲသွင်းရမှာဖြစ်ပြီး တစ်နှစ်မှ အကြိမ် ၅၀ လောက် အားသွင်းပြီးသုံးရုံပါပဲ။
စျေးနှုန်းက $399 နဲ့စထားပြီး Samsung မှာယူလို့ရနိုင်နေပြီဖြစ်ပါတယ်။


Latest