လာမယ့်နှစ်မှာ iPhone Size တွေ ပြောင်းမယ်လို့ သတင်းထွက်

iPhone 16 Series ထွက်ပြီးသိပ်မကြာခင် Apple ဘက်ကနေ ထူးခြားတဲ့ အတွင်းသတင်းထွက်လာပါတယ်။
အခုဆိုရင် ရှေ့လာမယ့်နှစ်မှာ iPhone 17 Series ရဲ့ Design ကိုပြောင်းပြီး Pro Series အပြင် ထူးခြားတဲ့ iPhone Air Series တစ်ခုလည်းပါဝင်လာမယ်လို့သိရပါတယ်။
အခုကတော့ ရိုးရိုး Series အနေနဲ့ iPhone 16, 16 Plus ဆိုပြီးရှိခဲ့ပေမယ့် အခုဒီ Model တွေနေရာမှာ Air တွေ နေရာဝင်ယူပြီး Feature အသစ်တွေလည်း များများစားစားထွက်လာမယ်လို့သိရပါတယ်။
နောက်ပြီး 120Hz ပါဝင်တဲ့ Display ကိုရိုးရိုး Model တွေမှာပါထည့်ပေးမှာဖြစ်ပြီး Display ကိုလည်း Pro တွေအတိုင်းထည့်ပေးလာတော့မှာပါ။
ဒါ့အပြင် Power Efficiency ကောင်းကောင်းနဲ့ ဖုန်းတွေမှာ Battery ကို အများကြီးပေးမယ်ဆိုတာမျိုးလည်း သတင်းတွေထွက်လာပါတယ်။
Screen အကြမ်းစားတွေ၊ Dynamic Island လည်း ပိုသေးလာမယ်လို့သိရပါတယ်။
ဒါတွေကတော့ iPhone 17 Series အတွက် ဖြစ်နိုင်ချေရှိတဲ့ ခန့်မှန်းချက်တစ်ချို့ပဲဖြစ်ပါတယ်။ ပုံစံအစစ်ကိုတော့ 2025 မှ ရှု့စားကြည့်ပါတော့နော်။

Latest