သူမတူတဲ့ ပုံစံနဲ့ထွက်လာတဲ့ Galaxy Z Flip 6

Samsung က Galaxy Z Flip 6 ကို Feature အသစ်တွေများစွာနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ !

Camera ပိုင်းမှာဆိုရင် 12 MP Sensor ကနေ 50 MP Sensor ကို တိုးပြီးထည့်ပေးလိုက်ပါပြီ။

Battery ကိုလည်း 3700 mAh ကနေ 4000 mAh Battery ကိုထည့်ပေးထားပြီးတော့

Vapor Chamber ပါ အပူစွန့်ထုတ်မှုပိုကောင်းအောင် ထည့်ပေးထားတဲ့စနစ် Z Flip တွေထဲမှာ ပထမဆုံး ပါဝင်လာပါပြီဖြစ်ပါတယ်။

Software Update လဲ (၇) နှစ်ပေးထားမှာဖြစ်ပြီး ဖုန်းရဲ့ Display နဲ့ Hinge ရဲ့ Durability က (၇) နှစ်ခံအထိခံလာမှာအပါအဝင် Hinge ကပိုကောင်းလာမယ် ၊ Display ရဲ့ Crease (ခေါက်ရာ) ထင်တာ ပိုလျော့ထားပါတယ်။

Build Quality ပိုင်းမှာတော့ ကျစ်ကျစ် လစ်လစ်ရှိလှပြီး အရောင် အနေနဲ့ Blue, Mint , Silver Shadow တွေရတယ် Online ကနေ သီးသန့်ဝယ်မှ ရမဲ့ အထူးထုတ် အရောင်လဲရဦးမှာဖြစ်ပါတယ်။

Design ပိုင်းမှာတော့ အရင်ဖုန်းတွေနဲ့ လုံးဝ မတူအောင် Flip 6 မှာတော့ Matte ပုံစံကို အသုံးပြုထားပါတယ်။

ဘောင်တွေကိုက Brushed Aluminum သုံးပေးထားပြီး ကျောဘက်မှာတော့ Z Flip 6 မှန်းသိသာအောင် Camera Ring တွေ လုပ်ပေးထားပါတယ်။

ကျောဘက် Texture က Matte ဖြစ်သွားတာက Premium အဆန်တယ်လို့ ခံစားရစေပါတယ်။

တော်တော်လေးမိုက်လို့ Z Flip 6 ကလည်း သူမတူတဲ့ပုံစံနဲ့ ကြမ်းလာဦးမယ့် Smart Phone တစ်လုံးဖြစ်လာဦးမယ်လို့တော့ ထင်မိပါတယ်။

#MyanGoal #Samsung #Zflip6 #Event


Latest