အင်္ကျီဝတ်ပြီး အားသွင်းနိုင်တော့မယ်

အင်္ကျီဝတ်ပြီး အားသွင်းနိုင်တော့မယ်

Solar စနစ်နဲ့ အခုဆိုရင် အင်္ကျီတွေမှာ အသုံးပြုတော့မှာဖြစ်ပြီး ဒီကောင်က Device တွေကို အင်္ကျီထဲထည့်လိုက်တာနဲ့ အားသွင်းပေးသွားမှာဖြစ်ပါတယ်။ ပြောရရင်တော့ မြန်မာနိုင်ငံနဲ့ တော်တော်လေး ကိုက်မှာတွေ့ရမှာပါ။

Anker က Consumer Electronics Show (CES) 2025 မှာ သူ့ရဲ့ ကမ္ဘာ့ ပထမဆုံး Solar Panel   အင်္ကျီကို ပြသလိုက်တာ ဖြစ်ပြီး ဒါဟာ သူတစ်ဦးထဲလုပ်ရသေးတဲ့ နည်းပညာလို့ပြောလာပါတယ်။

ဒီ Solar Panel အဝတ်အစားက ဝတ်ထားတဲ့အချိန် အတွင်းထဲမှာ Device တွေကို အားသွင်းပေးမှာဖြစ်ပြီး နေပူထဲမှာဝတ်ထားတာနဲ့ အားပြန်ပြည့်ဖို့ Recharge လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ညဘက်တွေမှာ အထာကျနေဖို့ အဝတ်အစားမှာ LED မီးလေးတွေတပ်ဆင်ပေးထားပြီး ဒီ မီးလေးတွေကလည်း စိတ်ကြိုက်အရောင်ပြောင်းနိုင်ဦးမှာဖြစ်ပါတယ်။

ဒီ အင်္ကျီဟာ မကြာခင် စျေးကွက်ထဲရောက်လာတော့မှာဖြစ်ပြီး အသုံးပြုသူတွေလည်း အကြိုက်တွေ့မယ့် မျှော်လင့်တယ်လို့ ထုတ်လုပ်သူတွေကပြောလာပါတယ်။


Latest