Samsung S25 Ultra ကတော့ ရှေ့နှစ်မှာ အထူးခြားဆုံး ပုံစံနဲ့ထွက်လာတော့မှာဖြစ်ပါတယ်။ Feature တွေကလည်း မျိုးဆက်သစ် တစ်ခုလုံးကို ပြောင်းလဲမှာဖြစ်တဲ့အပြင် လက်ရှိသိရတာကတော့ Screen Brightness နဲ့ ပတ်သက်ပြီးပြောင်းလဲလာမယ်လို့ သိရပါတယ်။
Rumors တွေ အရဆိုရင် 6.9-လက်မ QHD+ မျက်နှာပြင်ပါလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ခန့်မှန်းရခက်အောင် Samsung က တော့ peak brightness 3,000 nits အထိ ပေးဆောင်နိုင်ဖွယ်ရှိကြောင်း Android Authority မှပြောကြားခဲ့ပါတယ်။
Galaxy S25 Ultra ဟာ Android လောကမှာ Seamless Updates များကို ပံ့ပိုးပေးမယ့် Samsung ရဲ့ ပထမဆုံးအဆင့်မြင့်ဖုန်း ဖြစ်လာမယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် Galaxy S25 Ultra ကို 5,000mAh ဘက်ထရီနဲ့ ပါဝါအသုံးပြုနိုင်ပြီး UFS 4.0 storage ကို အသုံးပြုမယ်လို့လည်းသိရပါတယ်။
ဒါကတော့ Samsung ဖုန်းအသစ်တွေမှာပါဝင်လာနိုင်ချေရှိတဲ့ Feature တွေဖြစ်ပြီး ဘာတွေ လုပ်ပြမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။







Leave a Reply
You must be logged in to post a comment.