ဇန်နဝါရီ ၂၃ ရက်နေ့မှာ မိတ်ဆက်မယ့် Galaxy S25 Ultra

Samsung ကနေ တရားဝင်မိတ်ဆက်မယ့် Galaxy Unpacked 2025 Event ကတော့ ဇန်နဝါရီ ၂၃ ရက်နေ့ ည ၁၂ နာရီခွဲမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒီလိုမိတ်မဆက်ခင်မှာ Android Headlines ကနေ Galaxy Unpacked 2025 Event မတိုင်ခင် Galaxy S25 Series ဓါတ်ပုံတွေလည်း ထွက်လာတာဖြစ်ပါတယ်။

ပုံစံတွေကိုကြည့်ရသလောက်ဆိုရင်တော့ Camera တွေကို Bump တွေမထည့်တော့ပဲ လုံးဝ အရှင်းပုံစံလုပ်သွားတာကို တွေ့ရမှာပါ။

နောက်ပြီး Design ကလည်းအရင်ကထက်ကို ပိုပါးပြီး စိတ်ဝင်စားဖို့ကောင်းတာက Display ပိုမိုက်လာနိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင် S25 နဲ့ S25+ တို့ကိုပါ တစ်ခါတည်းမိတ်ဆက်မှာဖြစ်တဲ့အပြင် Major Feature တွေအပြင်ကိုမှ စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တွေကိုထည့်ပေးမယ်လို့သိရပါတယ်။

အသေးစိတ်ကိုတော့ လာမယ့် ၂၃ ရက်နေ့မှာ စောင့်ကြည့်ရလိုက်အောင်နော်။


Latest