အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်မိတ်ဆက်မယ့် One Plus 15

ဒီနှစ်မှာ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ ကြီးမားတဲ့ Upgrade များကို ပြတ်ပြတ်သားသား လုပ်ဆောင်လာမယ့်နှစ် ဖြစ်လာပါပြီ။

OPPO နဲ့ vivo တို့က Camera ပိုင်းကို အဓိကထား မြှင့်တင်နေချိန်မှာ OnePlus ကတော့ OnePlus 15 ကို Performance အကြမ်းစား Flagship အဖြစ် မိတ်ဆက်လာဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ တရုတ်နိုင်ငံအတွင်းမှာ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်မိတ်ဆက်မှာ ဖြစ်ပြီး၊ Globalဈေးကွက်ကိုတော့ နှစ်ကုန်ပိုင်းမှ ရောက်ရှိလာနိုင်ပါတယ်။

Performance ကို အဓိက အားဖြည့်မယ့် Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 8 Elite Gen 5 Chipsetကို အသုံးပြုထားမယ်လို့ သိရပါတယ်။

OnePlus 15 ရဲ့ အထင်ရှားဆုံး အပြောင်းအလဲကတော့ Display ပိုင်းမှာ ဖြစ်ပါတယ်။
ယခုနောက်ပိုင်း Flagship ဖုန်းများစွာ သုံးနေတဲ့ 120Hz ထက် ပိုသာတဲ့ 165Hz Refresh Rate ကို Standard အနေနဲ့ Support လုပ်သွားမှာပါ။

Gaming ပိုင်း အားသာချက်ကတော့ ဂိမ်းတော်တော်များများမှာပါ 165fps ဝန်းကျင်အထိ တင်ပြီး ဆော့ကစားနိုင်အောင် OnePlus က ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

အရောင်အနေနဲ့ Sand Dune Color ကတော့ တော်တော်လေးကို လှပပါတယ်။

Titanium ထက်တောင် ပိုမိုမာကျောတဲ့ Material အသစ်ကို အသုံးပြုလာမှာ ဖြစ်တဲ့အတွက် ဒီ OnePlus 15 ဟာ စိတ်ဝင်စားစရာ အကောင်းဆုံး Flagship ဖုန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။


Latest