၈ မိနစ်အတွင်း ရာသီဥတု ခန့်မှန်းပေးနိုင်တဲ့ Google က GenCast AI

Google ကနေပြီး GenCast AI ဆိုတဲ့ Feature ကို စမ်းသပ်ပြီးတဲ့နောက်မှာတော့ မကြာခင် Official ထွက်လာတော့မယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဒီ Feature က ရာသီဥတု အခြေနေတွေကို ၈ မိနစ်ထဲနဲ့ တွက်ချက်ပြီး ၁၅ ရက်အတွင်း ဘယ်လိုရာသီဥတု အခြေနေတွေရှိလည်းဆိုတာကို တွက်ချက်ပေးသွားမှာဖြစ်ပါတယ်။ သမားရိုးကျ ရာသီဥတု ခန့်မှန်းတဲ့ စနစ်တွေမှာ စူပါကွန်ပြူတာတွေကို သုံးရင်တောင် နာရီများစွာ ကြာမြင့်ပါတယ်။

ဒီလို AI စနစ်ကိုရဖို့အတွက် Google က Ai ကို ဆယ်စုနှစ်တစ်ခုအကြာ လေ့ကျင့်ပေးခဲ့ရပြီး ကြိုတင်ခန့်မှန်းတဲ့အခါ တိကျမှုက ၉၇. ၂ ရာခိုင်နှုန်းနဲ့ ၃၆ နာရီအတွက် ကြိုတင်ခန့်မှန်းမှုမှာ ၉၉.၈ ရာခိုင်နှုန်းအထိ တိကျပါတယ်။ Google ကတော့ သူတို့ AI ကြောင့် ရာသီဥတု ဖေါက်ပြန်တာတွေကိုတားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

#myangoal #google #gencast_ai #tech


Latest