Hwacheon Sancheoneo Ice Festival

Hwacheon Sancheoneo Ice Festival ကတော့ Hwacheon-gun၊ Gangwon မှာ ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး ဆောင်းရာသီမှာ အသွားသင့်ဆုံး ပွဲ‌တော်တွေထဲက အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ ဒီပွဲတော်ကို CNN က 2011 ခုနှစ်မှာ “Seven Winter Wonders” အဖြစ် မိတ်ဆက်ခဲ့ပါသေးတယ်။ ဒါ့အပြင်ပွဲတော်ကို နှစ်စဉ် လူပေါင်း တစ်သန်းကျော် လာရောက်လည်ပတ်လေ့ရှိတာကြောင့်င့် နာမည်ကြီး လူကြိုက်များတဲ့ ကိုရီးယား ဆောင်းရာသီပွဲတော်တွေထဲက အကောင်းဆုံး တစ်ခုဖြစ်ကြောင်း သက်သေပြနေပါတယ်။

ဒီပွဲတော်မှာ ရေခဲငါးဖမ်းခြင်း၊ ရေခဲပြင်လျှောစီးခြင်း စတဲ့ ပွဲတော်အစီအစဉ်တွေအပြင် နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံးကတော့ လာရောက်လည်ပတ်သူ‌တွေအနေနဲ့ ငါးတွေကို ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ဖမ်းပြီးတော့ ကိုယ်တိုင်ကင်စားနိုင်မှာ ဖြစ်ပါတယ်။ ဆိုးလ်ကနေ 3 နာရီ‌လောက် အဝေးပြေးဘတ်စ်ကားစီးပြီး သွားရောက်နိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ မိသားစု၊ သူငယ်ချင်းတွေ၊ စုံတွဲတွေအတွက်လဲ သွားလို့ကောင်းတဲ့အပြင် (solo trip) တစ်ကိုယ်တော် ခရီးသွားချင်သူတွေအတွက်လဲ အကောင်းဆုံးဖြစ်ပါတယ်။

ဒီပွဲတော်ရောက်ရင် မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာတွေကတော့ ရေခဲငါးဖမ်းခြင်း၊ မြှူတံငါးဖမ်းခြင်း၊ လက်ဗလာငါးဖမ်းခြင်း၊ ညဘက်ငါးဖမ်းခြင်း စတာတွေကို လုပ်ကြည့်ခဲ့သင့်ပါတယ်။ Winter activites တွေပြုလုပ်ချင်ရင်လဲ နှင်းလျှောစီး၊ bobsleigh၊ ရေခဲလျှော၊ ရေခဲစကိတ်စီးခြင်း စတာတွေ စီးနင်းနိုင်ပါသေးတယ်။ဗိုက်ဆာလာရင်လဲ Food court တွေ၊ အကင်ကင်စားလို့ရမယ့် နေရာတွေ၊ လယ်သမားဈေးနဲ့ ကော်ဖီဆိုင်တွေလဲ ရှိပါတယ်။

ဆောင်းရာသီပွဲတော် ဖြစ်တာကြောင့် မဖြစ်မနေ ယူလာရမယ့်အရာတွေကတော့ အနွေးထည်၊ ပဝါ၊ ဦးထုပ်၊ လက်အိတ် တွေကတော့ ကျန်ခဲ့လို့မရပါဘူး။

ကျင်းပမယ့်ရက် – 2025-01-11 ~ 2025-02-02
နေရာ- Hwacheon ကောင်တီ၊ Gangwon-do

#festival #winter #korea #myanmar #MyanGal #thingstodo


Latest