7 နှစ်အထိ Update ရမယ့် Samsung
ဖုန်းတစ်လုံးဝယ်ပြီဆိုရင် update ပေးတာ မပေးတာတွေကလည်း အရေးပါပါတယ်။
Samsung ကလည်း iPhone တွေကို အားကျလို့လားတော့ မသိပေမယ့် အခုဆိုရင် သူတို့ရဲ့ ဖုန်း UI နဲ့ Security Update အသစ်တွေကို OS နဲ့အတူ 7 နှစ်သက်တမ်းနဲ့ပေးလိုက်ပါပြီ။
Apple ရဲ့ Ecosystem ထဲမှာ လူတွေဘာလို့ ပျော်မွေ့ကြလဲဆိုရင် ထွက်တာ (8)နှစ် ၊ (9)နှစ် နီးပါးရှိနေတဲ့ Apple Devices တွေကိုတောင် Patch အသစ်တွေထုတ်ပေးပြီး ဂရုစိုက်ပေးနေတယ်ဆိုတဲ့အချက်က အရေးကြီးတဲ့တစ်နေရာကပါဝင်နေမှာ အသေအချာပါပဲ။
ဆိုတော့ Tech Giant Company တစ်ခုဖြစ်တဲ့ Samsung ကလည်း သူ့ရဲ့ S24 Series ကို Update (7)နှစ်စာ ပေးသွားမယ်လို့ ဆိုပါတယ်။
Samsung ကလည်း ခေသူမဟုတ်တော့ သူ့ Update တွေကလည်း ဘယ်အချိန်မှာ ဘာတွေထွက်ပြီး ပြင်ဆင်မှုတွေ လုပ်လာနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
#Myangoal #telecome #samsung #iPhone #Softwareupdate







Leave a Reply
You must be logged in to post a comment.