Your cart is currently empty!
Apple iPhone 17 Pro နဲ့ iPhone 17 Pro Max မှာ အသုံးပြုထားတဲ့ A19 Pro ချစ်ပ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး Geekbench 6 ရဲ့ Benchmark ရမှတ်များ ပေါက်ကြားလာပါပြီ။ ဒီရလဒ်တွေအရ A19 Pro ချစ်ပ်ဟာ လက်ရှိဈေးကွက်ထဲမှာ အစွမ်းအထက်ဆုံး ဖြစ်နေပါတယ်။
Single-Core မှာ ရမှတ် 4019 ရရှိပြီး Multi-Core မှာတော့ 11054 ရရှိခဲ့ပါတယ်။
ဒီရမှတ်တွေဟာ လက်ရှိ အစွမ်းအထက်ဆုံးဖြစ်နေတဲ့ Snapdragon 8 Elite ချစ်ပ်ထက် Single-Core မှာ ရမှတ် ၁,၀၀၀ ဝန်းကျင်နဲ့ Multi-Core မှာ ၁,၂၀၀ ဝန်းကျင် ပိုမိုမြင့်မားနေပါတယ်။
GPU အတွက် Geekbench ရမှတ်က ၄၅,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
ဒါဟာ ယခင်မျိုးဆက် A18 Pro ထက် ၃၆% ကျော် ပိုမိုစွမ်းဆောင်နိုင်တာကို ပြသနေပါတယ်။
လက်ရှိမှာ A19 Pro ဟာ အစွမ်းအထက်ဆုံးလို့ ပြောနိုင်ပေမဲ့ မကြာခင် ထွက်ရှိလာမယ့် Snapdragon 8 Elite Gen 5 နဲ့ MediaTek Dimensity 9500 ချစ်ပ်တွေကြောင့် ဒီနေရာမှာ ဆက်ရှိနေမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
Vapor Chamber Cooling: ဒီနှစ် iPhone 17 Pro နဲ့ 17 Pro Max မှာ Vapor Chamber Cooling စနစ်ကို ထည့်သွင်းပေးထားတာကြောင့် ဂိမ်းဆော့တဲ့အခါ ဒါမှမဟုတ် အချိန်ကြာကြာသုံးတဲ့အခါ Performance Drop ဖြစ်တာမျိုး နည်းသွားမှာပါ။
Mac နှင့် နှိုင်းယှဥ်ခြင်း: A19 Pro ချစ်ပ်ရဲ့ CPU နဲ့ GPU Benchmark ရမှတ်တွေဟာ Mac ဘက်က M2 ချစ်ပ်ထက်တောင် သာလွန်နေပြီး M3 ချစ်ပ်နဲ့ အဆင့်နီးပါး ရောက်ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ်ကုန်မှာ iPhone ချစ်ပ်နဲ့ ထုတ်လုပ်မယ့် Budget MacBook ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ကုန်တစ်ခု ဖြစ်လာနိုင်ပါတယ်။