ဖုန်းကုမ္ပဏီတွေကတော့ Display တွေ ဘယ်လောက် nits အထိ တောက်ပတယ်ဆိုပြီး အလင်းအားပြိုင်မှုကို အပြိုင်အဆိုင် လုပ်နေကြပါပြီ
တကယ်တမ်း HomeView Product ရဲ့ အချက်အလက်တွေကို သေချာ လေ့လာကြည့်လိုက်မှသာ သူ့မှာ အလင်းရောင်ကို 0.3 nits အထိ အလွန်အမင်း လျှော့ချပေးနိုင်တဲ့ Display တစ်ခု ပါလာတာကို တွေ့လိုက်ရပါတော့တယ်။
သာမန်ဖုန်းတွေမှာဆိုရင် ကုမ္ပဏီတွေက Minimum Brightness ကို 1 nit လို့ ထုတ်ပြောလေ့ရှိကြပြီး၊ သီးခြား လွတ်လပ်တဲ့ စမ်းသပ်ချက်တွေအရတော့ Flagship ဖုန်းတွေဟာ အလင်းကို အနည်းဆုံး 0.5 nits အထိ လျှော့ချနိုင်ကြတာကို တွေ့ရပါတယ်။
အခု HomeView ကတော့ အိမ်တွင်းမှာ အဓိက သုံးရမယ့် Device တစ်ခုဖြစ်တဲ့အပြင်၊ ညဘက်တွေမှာပါ Standby Display တစ်ခုအနေနဲ့ အလွယ်တကူ အသုံးပြုနိုင်အောင် ရည်ရွယ်ထားတာကြောင့် အခုလို အလင်းရောင်ကို အစွမ်းကုန် လျှော့ချပေးနိုင်တဲ့ စနစ်မျိုးကို ထည့်သွင်းပေးထားပုံပါပဲ။






