Apple Intelligence ကို ဘယ်သူတွေသုံးလို့ရမလဲ

iOS 18 နဲ့အတူ Apple Intelligence က ပါဝင်လာမှာ အားလုံးလည်းသိကြမှာပါ။
ဒါပေမယ့် Apple Intelligence ကတော့ iPhone တိုင်းမှာ မရပါဘူး။
ဘာကြောင့်လဲဆိုတော့ Apple Intelligence က Ram အကောင်းဆုံးနဲ့ Chip Performance ပေါ်မှာ အလုပ်လုပ်တာဖြစ်လို့ iPhone 15 Pro တွေပေါ်မှာပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။
နောက်ပြီး Apple Intelligence ကလည်း iOS 18 ထွက်ထွက်ချင်း ပါလာမှာမဟုတ်သေးပါဘူး။
ထွက်ပြီး iOS 18.1 လောက်မှာ ပါဝင်လာမှာဖြစ်လို့ October လောက်မှာမှ ထွက်လာမှာပါ။
တော်တော်မိုက်လို့ ထွက်လာတဲ့အခါစမ်းကြည့်လိုက်တော့နော်။

Latest