Apple မှ ပထမဦးဆုံး iOS 27.2 Beta ကို စတင်ထုတ်လုပ်ဖြန့်ချီ

Apple ဟာ iOS 27 တရားဝင် ထွက်ရှိပြီး နှစ်ရက်အကြာမှာပဲ စမ်းသပ်စစ်ဆေးနိုင်ဖို့အတွက် နောက်ထပ် ထွက်ရှိလာမယ့် iOS 27.2 ရဲ့ ပထမဦးဆုံး Beta စနစ်ကို Developer တွေကို စတင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် iPadOS 27.2 Beta ကိုလည်း တစ်ပြိုင်နက်တည်း ထုတ်ပေးခဲ့တာပါ။

အခု ထွက်ရှိလာတဲ့ iOS 27.2 စနစ်မှာ Siri AI အတွက် ဘာသာစကားအသစ်တွေ ပါဝင်လာနိုင်ပြီး လာမယ့် အောက်တိုဘာလထဲမှာ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ပေါ်တူဂီနဲ့ စပိန် ဘာသာစကားတွေကို ထည့်သွင်းပေးသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် iOS 27 မူရင်း ဗားရှင်းမှာ ခေတ္တ ဆိုင်းငံ့ထားခဲ့တဲ့ Messages အချင်းချင်း အလိုအလျောက် အကြံပြုချက်ပေးတဲ့ စနစ်နဲ့ အားနည်းတဲ့ Password တွေကို AI နဲ့ ပြန်ပြင်ပေးမယ့် Apple Intelligence Feature နှစ်ခုကိုလည်း ဒီ Beta မှာ ပြန်လည် ထည့်သွင်းပေးသွားဖွယ် ရှိပါတယ်။

ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ Health App ဒီဇိုင်းအသစ်ကိုလည်း ဒီ Beta စနစ်မှာ စတင် မြင်တွေ့ရဖွယ် ရှိနေပါတယ်။ Apple အနေနဲ့ iOS 27.1 မထုတ်မီ iOS 27.2 Beta ကို အရင်ထုတ်ပေးလိုက်တာဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပြီး၊ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထွက်ရှိလာမယ့် မျက်နှာပြင် နှစ်ခုပါ iPhone Duo ဖုန်းရဲ့ သီးသန့် Feature တွေကို လျှို့ဝှက်ထားချင်တာကြောင့် ဖြစ်နိုင်ပါတယ်။

iPhone Duo မှာ ပါဝင်လာမယ့် ဒေါင်လိုက် Dock၊ ဒေါင်လိုက် Dynamic Island နဲ့ မျက်နှာပြင် နှစ်ခုစာ သီးသန့် App Layout တွေအတွက် iOS 27.1 ကို အောက်တိုဘာ ၂၃ ရက်မတိုင်မီ ထုတ်ပေးသွားမှာ ဖြစ်ပြီး၊ Siri AI ဘာသာစကားအသစ်တွေ ပါဝင်လာမယ့် iOS 27.2 ကိုလည်း အောက်တိုဘာလအတွင်းမှာပဲ တရားဝင် ဖြန့်ချိပေးသွားဖွယ် ရှိနေပါတယ်။


Latest