စက်တင်ဘာ ၁၈ မှာ စတင်ရောင်းချခဲ့တဲ့ iPhone 18 Pro နဲ့ 18 Pro Max တို့ရဲ့ သုံးသပ်ချက်တွေ ထွက်ရှိလာပါပြီ။ မနှစ်က iPhone 17 Pro တုန်းက ဒီဇိုင်းပိုင်း အကြီးအကျယ် ပြောင်းလဲခဲ့ပေမဲ့ ဒီနှစ် iPhone 18 Pro ကတော့ ဒီဇိုင်းပိုင်း အဟောင်းအတိုင်းပဲရှိပြီး Camera ၊ Battery နဲ့ စွမ်းဆောင်ရည်ပိုင်းလောက်မှာပဲ အနည်းငယ် အဆင့်မြှင့်တင်ထားပါတယ်။
• စွမ်းဆောင်ရည် (A20 Pro Chip)
ပထမဆုံး 2nm Chip ကို သုံးထားလို့ စွမ်းဆောင်ရည် (CPU) ၂၀% နဲ့ ဂရပ်ဖစ် (GPU) ၄၀% ထိ ပိုမြန်လာပါတယ်။
(Vapor Chamber ကို ၃ ဆပိုကြီးအောင် ပြင်ဆင်ထားလို့ ဗီဒီယိုအကြာကြီးရိုက်တာ၊ ဂိမ်းဆော့တာတွေမှာ ဖုန်းပူပြီး နှေးသွားတာမျိုး မရှိတော့ပါဘူး။
• Battery နဲ့ အားသွင်းစနစ်
Battery သက်တမ်း ပိုရှည်လာပြီး (18 Pro Max က ဗီဒီယိုကြည့်ချိန် ၁၅% ပိုကြာ)၊ ၁၅ မိနစ်နဲ့ ဘက်ထရီ ၅၀% အထိ အမြန်အားသွင်းနိုင်လာပါတယ်။
စမ်းသပ်မှုတွေအရ OnePlus 15 ရဲ့ Battery (၂၅ နာရီ) ကို မမှီသေးပေမဲ့ Galaxy S26 Ultra ထက်တော့ ဘက်ထရီ ပိုခံပါတယ်။
• Dynamic Island ပြောင်းလဲမှု
Dynamic Island အရွယ်အစား နည်းနည်းသေးသွားလို့ App (၂) ခုတင်မကဘဲ (၃) ခုထိ တစ်ပြိုင်တည်း ပြသနိုင်လာပါတယ်။
• Camera နဲ့Pro Controls
Main Camera မှာ Variable Aperture (အလင်းဝင်ပေါက် ချိန်ညှိနိုင်သည့်စနစ် – ƒ/1.48, ƒ/1.8, ƒ/2.8, ƒ/4.0) ပါဝင်လာလို့ အလင်းနည်းချိန်နဲ့ အုပ်စုလိုက် ဓာတ်ပုံရိုက်ချိန်တွေမှာ ပိုမိုကြည်လင်ပြတ်သားလာပါတယ်။
အလင်းဝင်ပေါက်၊ Shutter Speed နဲ့ White Balance တွေကို ကိုယ်တိုင် ပြင်နိုင်တဲ့ Pro Controls တွေ ပါဝင်လာပါတယ်။
အရောင်တွေ အနေနဲ့ကတော့ Silver၊ Black၊ Burgundy နဲ့ Glacier ဆိုပြီး ထွက်ရှိလာပါတယ်။
iPhone 17 Pro ဒါမှမဟုတ် 16 Pro သုံးနေသူတွေအတွက်ဆိုရင်တော့ ဒီဖုန်းကို အလောတကြီး အဆင့်မြှင့် စရာ မလိုသေးပါဘူး။
ဒါပေမဲ့ iPhone 14 Pro ထက်ဟောင်းတဲ့ မော်ဒယ် သုံးနေသူတွေအတွက်တော့ Siri အသစ်ကို သုံးနိုင်မယ့်အပြင် Camera နဲ့ စွမ်းဆောင်ရည်ပိုင်းတွေပါ အများကြီး သာလွန်သွားမှာမို့ လဲလှယ်သုံးစွဲဖို့ အတော်လေး အဆင်ပြေပါတယ်။
အပြောင်းအလဲ အကြီးကြီး မရှိတာကြောင့် အရမ်းကြီး ရင်ခုန်စရာ မကောင်းတော့ပေမဲ့ လက်ရှိဝယ်နိုင်သမျှထဲမှာတော့ အကောင်းဆုံး Camera စနစ်နဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။






