Your cart is currently empty!

Apple ရဲ့ အထင်ကရထုတ်ကုန်တစ်ခုဖြစ်တဲ့ iPhone ဟာ ပထမဆုံးမိတ်ဆက်ခဲ့တာ အခုဆိုရင် ၁၈ နှစ် တောင် ရှိလာပါပြီ
Apple ရဲ့ အထင်ကရထုတ်ကုန်တစ်ခုဖြစ်တဲ့ iPhone ဟာ ပထမဆုံးမိတ်ဆက်ခဲ့တာ အခုဆိုရင် ၁၈ နှစ် တောင် ရှိလာပါပြီ။ ဒီ ၁၈ နှစ်တာကာလအတွင်းမှာ သင့်ရဲ့ ပထမဆုံး iPhone Model က ဘယ်ဟာလဲဆိုတာ မှတ်မိနေသေးလား?
ကမ္ဘာ့လူဦးရေ ၈ ဘီလီယံ ကျော်ရှိတဲ့အနက် iPhone ရောင်းချရမှုအရေအတွက်ဟာ ၃ ဘီလီယံ ကျော်သွားပြီလို့ Apple က တရားဝင်ကြေညာခဲ့ပါတယ်။ ဒါဟာ iPhone အသုံးပြုသူ အရေအတွက်ကို ထင်ဟပ်ပြသနေပါတယ်။
၂၀၀၇ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ၁၈ နှစ်တာကာလအတွင်းမှာ Apple ဟာ iPhone Model မျိုးကွဲပေါင်း ၄၇ မျိုးအထိ ထုတ်လုပ်ခဲ့ပြီးပါပြီ။ Apple Insider ရဲ့ အဆိုအရဆိုရင် iPhone အသုံးပြုသူတွေရဲ့ ၈၅% က Apple ထုတ်ကုန် (၂) ခုထက်မနည်း အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါဟာ Apple ရဲ့ Ecosystem စနစ်က သုံးစွဲသူတွေကို ဘယ်လောက်အထိ ဆွဲဆောင်နိုင်လဲဆိုတာကို ပြသနေပါတယ်။
iPhone တွေရဲ့ သက်တမ်းတစ်လျှောက်မှာ အရောင်းရဆုံး Model ကတော့ iPhone 6 Series ဖြစ်ပါတယ်။ ဒီ Model ကို လူတွေက ဘယ်လောက်အထိ ချစ်ခင်ခဲ့ကြလဲဆိုတာကို ပြသနေပါတယ်။
iPhone တွေနဲ့ပတ်သက်ပြီး သင့်ရဲ့ အမှတ်တရတွေရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦးနော်။





