ပန်းတွေရဲ့ အလှကို ဂုဏ်ပြုတဲ့ ကိုရီးယားပွဲတော်များ

ကိုရီးယားပန်းပွဲတော်တွေဟာ မပါမဖြစ် အရေးပါတဲ့ ပွဲတွေဖြစ်ပြီး ဒေသခံကိုရီးယားတွေရော ခရီးသွားတွေပါ သဘာဝအလှကို တန်ဖိုးထားခံစားနိုင်မှာ ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်တွေဟာ သဘာဝနဲ့ ဆက်စပ်ပြီး ကိုရီးယားလူမျိုးတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပန်းတွေနဲ့အတူ ထုတ်ဖော်ပြသနေတာ ဖြစ်ပါတယ်။

ချယ်ရီပန်းပွဲတော်တွေဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ နွေဦးရာသီရောက်တိုင်း ကျင်းပလေ့ရှိတဲ့ အထင်ရှားဆုံးအချိန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ချယ်ရီပန်းတွေပွင့်တာနဲ့ ပန်းခြံတွေနဲ့ လမ်းတွေကို ချယ်ရီပန်းတွေနဲ့ ဖုံးအုပ်လိုက်တဲ့အခါ ဆိုးလ်၊ Jinhae နဲ့ Busan တို့လို မြို့တွေဟာ ရင်သပ်ရှုမောစရာ မြင်ကွင်းတွေ ဖြစ်လာပါတယ်။ ယဉ်ကျေးမှု ဖျော်ဖြေပွဲတွေ၊ အစားအသောက် ရောင်းချသူတွေနဲ့ အရိပ်ကောင်းတဲ့ သစ်ပင်တွေအောက်မှာ ပျော်ပွဲစားလာထွက်ကြတဲ့ လည်ပတ်သူတွေအပြည့်နဲ့ ပျော်ရွှင်စရာ ပွဲတော်တစ်ခုကို ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

Hibiscus ပွဲတော်ကတော့ တောင်ကိုးရီးယားနိုင်ငံရဲ့ အမျိုးသားပန်းဖြစ်တဲ့ Hibiscus syriacus (သို့) mugunghwa (ခေါင်ရမ်းပန်း) တွေကို ခင်းကျင်းပြသထားလေ့ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ကို hibiscus ပန်းတွေ အပွင့်ဆုံးနေရာဖြစ်တဲ့ Jeju ကျွန်းမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်မှ ပြည်တွင်းအနုပညာပြပွဲတွေ၊ ရိုးရာဖျော်ဖြေပွဲတွေ အပါအဝင် အခမ်းအနားအမျိုးမျိုးနဲ့ ကိုရီးယားလူမျိုးတွေအတွက် အရေးပါတဲ့ ခေါင်ရမ်းပန်းရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာကို ဂုဏ်ပြုတဲ့ ပွဲတော်ဖြစ်ပါတယ်။

Chrysanthemum ပွဲတော်ကတော့ ဆောင်းဦးရာသီမှာ ပွင့်တဲ့ ဂန္ဓမာပန်းကို ပြုသတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ရိုးရာလက်မှုပညာ စျေးကွက်တွေနဲ့ ယဉ်ကျေးမှုပွဲတွေလဲ ပါ၀င်ပြီး ပန်းခြံတွေထဲမှာ ဂန္ဓမာပန်းရဲ့ အလှပဆုံး မြင်ကွင်းကို ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ခမ်းနားတဲ့ အရောင်အသွေးနဲ့ ကျက်သရေရှိတာကြောင့် လူသိများတဲ့ ဂန္ဓမာပန်းဟာ ဇွဲနပဲ၊ သစ္စာရှိမှုနဲ့ အသက်ရှည်ခြင်းကိုလဲ ကိုယ်စားပြုပါတယ်။ ဒီပန်းပွင့်တွေဟာ ပွဲတော်တွေနဲ့ ရိုးရာ အနုပညာလက်ရာတွေမှာလဲ အသုံးပြုလေ့ရှိပြီး ကိုရီးယားယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

နှစ်အလိုက် ကြာပန်းပွဲတော် (Yeon-Deung-hoe) တွေဟာ ရိုးရာထုံးတမ်းဓလေ့နဲ့ ပန်းအလှတွေကို ပေါင်းစပ်ထားတဲ့ ပွဲတော်ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးတွေဟာ မြတ်စွာဘုရားရဲ့ မွေးနေ့မှာ မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုပြီး ဖြူစင်တဲ့ ဉာဏ်အလင်းရရှိစေဖို့ ကြာပန်းပုံသဏ္ဍာန် အလှဆင်ထားတဲ့ မီးပုံးတွေနဲ့ ဂုဏ်ပြုကြတာ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ကြာပန်းရဲ့ အလှအပကို ပြသထားတဲ့အပြင် ယဉ်ကျေးမှုဖလှယ်ခြင်းနဲ့ ဓလေ့ထုံးတမ်းတွေကိုပါ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Goryeo Celadon Flower Festival ဟာ ပန်းတွေကို Celadon အိုးနဲ့ အလှဆင်ထားတဲ့ ထူးခြားလှပတဲ့ လက်ရာတွေကို ပြသထားပါတယ်။ ဒီပွဲတော်မှာ ပန်းပြပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အနုပညာရှင်တွေရဲ့ လက်ရာမြောက်တဲ့ စွမ်းရည်တွေကို ပြသထားတဲ့အပြင် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲတွေလည်း ပါဝင်ပါတယ်။ ဒီပွဲတော်ဟာ ပန်းတွေအတွက် လေးနက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သမိုင်းဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို ချိတ်ဆက်ထားပေးတဲ့ ပွဲလည်းဖြစ်ပါတယ်။

ဒီပွဲတော်တွေဟာ ပန်းတွေရဲ့ ရေရှည်တည်တံ့မှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးကို လဲ တနည်းတဖုံ အားပေးတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ ကိုရီးယားပန်းတွေရဲ့အလှကို ဒီပွဲတော်တွေမှာ သူတို့ရဲ့ အလှတရားနဲ့ ယဉ်ကျေးမှုအရ အရေးပါမှု နှစ်ခုလုံးစအတွက် ဂုဏ်ပြုကြတာ ဖြစ်ပါတယ်။ ဒီအချိန်အခါသမယမှာ ပျော်ရွှင်မှု၊ ရင်းနှီးမှုနဲ့ ဓလေ့ထုံးတမ်းတွေဟာ ကိုရီးယားက သဘာဝနဲ့ လူ့အဖွဲ့အစည်းကြားမှာ ခိုင်မြဲတဲ့ နှောင်ကြိုးတစ်ခုကို ဖြစ်ပေါ်စေပြီး ဒီပွဲတော်တွေဟာ မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်?။

#korea #myangoal #myanmar #festival #traditional


Latest