Bill Gates ရဲ့ ၉၉% ပိုင်ဆိုင်မှု လှူဒါန်းမယ့် Gates Foundation

Bill Gates ရဲ့ ၉၉% ပိုင်ဆိုင်မှု လှူဒါန်းမယ့် Gates Foundation

Microsoft ရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ်၊ ကမ္ဘာ့အထင်ကရ ပရဟိတသမားတစ်ဦးလည်းဖြစ်တဲ့ Bill Gates ကတော့ သူ့ရဲ့ ပိုင်ဆိုင်မှု ၉၉% ဖြစ်တဲ့ ဒေါ်လာ ၁၁၀ ဘီလီယံကျော်ကို Bill & Melinda Gates Foundation ကို လှူဒါန်းဖို့ စီစဉ်ထားကြောင်း ၂၀၂၅ ခုနှစ် မေလမှာ ကြေညာခဲ့ပါတယ်။

သူ ဘာကြောင့် ဤဆုံးဖြတ်ချက်ကို ချလိုက်ရတာလဲ?

Bill Gates က “လူတစ်ယောက်ဟာ ချမ်းသာပြီး သေဆုံးသွားရတာဟာ ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ” လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ စည်းစိမ်ဥစ္စာကို ကမ္ဘာ့ကျန်းမာရေး၊ ဆင်းရဲမှု တိုက်ဖျက်ရေးနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အသုံးပြုလိုကြောင်း ပြောကြားခဲ့ပါတယ်။

Gates Foundation ၏ အနာဂတ်အစီအစဉ်များ

၂၀၀၀ ခုနှစ်မှာ Bill နှင့် Melinda Gates တို့က စတင်တည်ထောင်ခဲ့ကြပြီး ဒီဖောင်ဒေးရှင်းကနေ ကမ္ဘာ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အကုန်မှာ ဖောင်ဒေးရှင်းရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၇၁ ဘီလီယံကျော်ရှိခဲ့ပြီး လာမည့် ၂၀ နှစ်အတွင်း ဒေါ်လာ ၂၀၀ ဘီလီယံအထိ အသုံးပြုဖို့ ရည်မှန်းထားကြောင်းသိရပါတယ်။ ဒီငွေကြေးတွေကို အထူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဖြစ်များတဲ့ ငှက်ဖျားရောဂါ၊ တီဘီရောဂါ စတဲ့ ရောဂါတွေကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်စေရန် အဓိကထား အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

Bill Gates ရဲ့ ဒီလှူဒါန်းမှုဟာ သမိုင်းမှာ အကြီးမားဆုံး ပရဟိတလှူဒါန်းမှုတွေထဲက တစ်ခုအဖြစ် မှတ်တမ်းတင်ထားပြီး၊ ယခင်က John D. Rockefeller နှင့် Andrew Carnegie တို့ရဲ့ လှူဒါန်းမှုများထက်ပင် ကြီးမားတယ်လို့ ဖော်ပြထားခံနေရပါတယ်။ ဒီ ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့ဖောင်ဒေးရှင်းများနဲ့ ပရဟိတလုပ်ငန်းများအတွက် စံနမူနာတစ်ခု ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။


Latest