Your cart is currently empty!
Brain Tumors ကို AI နဲ့ ကုသနိုင်တော့မယ်
ခွဲစိတ်ဆရာဝန်တွေက ဦးနှောက်အကျိတ်ရဲ့ အစွန်းနားကို ဓားနဲ့ ချဉ်းကပ်လာတဲ့အခါ သူတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက အကျိတ်ဘယ်မှာ အဆုံးသတ်ပြီး ကျန်းမာတဲ့ ဦးနှောက်တစ်ရှူးကဘယ်မှာ စတယ်ဆိုတာ ခွဲခြားဖို့ပါပဲ။ ဒါကို “အနားသတ်” (margins) လို့ ခေါ်ပါတယ်။ ဆုံးဖြတ်ရခက်တာက အကျိတ်တစ်ခုလုံး ဖယ်ရှားပြီး ကျန်းမာတဲ့ ဦးနှောက်တစ်ရှူးတချို့ကို ဖြတ်ထုတ်ပစ်မလား၊ ဒါမှမဟုတ် ကျန်းမာတဲ့ တစ်ရှူးကို ထိန်းထားပြီး အန္တရာယ်ရှိနိုင်တဲ့ ဆဲလ်တွေကို ဖယ်ရှားမလား စသဖြင့် ဆရာဝန်တွေက ဆုံးဖြတ်ရခက်တာတွေ အမြဲလုပ်ရတာပါပဲ။
နယ်သာလန်က သိပ္ပံပညာရှင်တွေကတော့ ခွဲစိတ်ဖို့ AI ကို အသုံးပြုပြီး ဆရာဝန်တွေကို ကူညီပေးနိုင်ဖို့ တီထွင်ထားတဲ့ ကွန်ပျူတာစနစ်တစ်ခုကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ Nature ဂျာနယ်မှာ ထုတ်ဝေဖော်ပြခဲ့ပါတယ်။
ဒီစနစ်က အကျိတ်ရဲ့ DNA အပိုင်းအစတွေကို Scan ဖတ်ပြီး သတ်မှတ်ထားတဲ့ ပြောင်းလဲမှုတွေကို ဖော်ပြပေးပါတယ်။ ဒီပြောင်းလဲမှုတွေက ဦးနှောက်အကျိတ်ရဲ့ အမျိုးအစားနဲ့ ရောဂါတွေကိုရှာဖွေပေးပါတယ်။ ဒီစနစ်က နာရီပေါင်းများစွာ ကြာနိုင်တဲ့ ခွဲစိတ်မှုတွေကို အချိန်ခဏလေးအတွင်း ဆုံးဖြတ်ချက်ချနိုင်အောင်လမ်းညွန်ပေးပါတယ်။
ဒီဆန်းသစ်တဲ့ ခွဲစိတ်မှုစနစ်ကို Sturgeon လို့ နာမည်ပေးထာပါတယ်။ ဒီစမ်းသပ်မှုတွေကိုတော့ အရင်ကဦးနှောက်ကင်ဆာခွဲစိတ်မှုတွေကနေ ရရှိထားတဲ့ အေးခဲထားတဲ့ အကျိတ်နမူနာတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ မျိုးရိုးဗီဇစီးကြောင်းကို စတင်ပြီး ၄၀ မိနစ်အတွင်း ၅၀ မှာ ၄၅ ခုလုံးကို တိကျစွာ ရောဂါရှာဖွေနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ၅ ခုမှာတော့ ဒေတာမရှင်းလင်းလို့ ရောဂါရှာဖွေမှုမပေးခဲ့ပါဘူး။
လက်ရှိ ကလေးတွေမှာ အဖြစ်များတဲ့ ဦးနှောက်ခွဲစိတ်မှု ၂၅ ခုမှာ ဒီနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ အကျိတ်နမူနာတွေကို မိုက်ခရိုစကုပ်နဲ့ စစ်ဆေးတဲ့ နည်းလမ်းနဲ့ ယခုနည်းလမ်း နှိုင်းယှဉ်ကြည့်တဲ့အခါ၊ ဒီနည်းသစ်ကပိုမို မှန်ကန်တဲ့ ရောဂါရှာဖွေမှုကို ထုတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ ၇ ခုမှာတော့ သတ်မှတ်ထားတဲ့ ယုံကြည်မှုအဆင့်ကို မရောက်ရှိခဲ့ပါဘူး။ အံ့သြစရာကောင်းတာက ရောဂါရှာဖွေမှုကို ၉၀ မိနစ်ထက်နည်းတဲ့ အချိန်အတွင်း ရရှိခဲ့တာပါပဲ။ ဒါက ခွဲစိတ်နေရင်း ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနိုင်လောက်အောင် မြန်ဆန်ပါတယ်။
Sturgeon စနစ်က သိသာတဲ့ တိုးတက်မှုတွေကို ပေးပေမယ့် စိန်ခေါ်မှုတချို့ ရှိနေပါသေးတယ်။ အခုအချိန်ထိ အကျိတ်တချို့ကို ရောဂါရှာဖွေဖို့ ခက်ခဲနေတုန်းပါပဲ။
ဒါပေမယ့် မကြာခင်မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခုနဲ့ ဆေးဘက်ဆိုင်ရာမှာပါ AI က အထောက်အကူပေးတော့မှာဖြစ်လို့ မကြာခင် အနောက်နိုင်ငံတွေမှာ AI နဲ့ ဆေးကုရတော့မယ့် အနေအထားတွေဖြစ်လာမယ်လို့ ခန့်မှန်းမိပါတယ်။







Leave a Reply
You must be logged in to post a comment.