ChatGPT ကို ဖန်တီးခဲ့တဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ OpenAI က AI Video လောကကို အသစ်တစ်ဖန် ပြောင်းလဲစေမယ့် Sora Appကို မိတ်ဆက်လိုက်ပါပြီ

ChatGPT ကို ဖန်တီးခဲ့တဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ OpenAI က AI Video လောကကို အသစ်တစ်ဖန် ပြောင်းလဲစေမယ့် Sora Appကို မိတ်ဆက်လိုက်ပါပြီ။

ဒီ App မှာပါဝင်တဲ့ Sora 2 Model ကြောင့် AI Video ဖန်တီးမှုဟာ တစ်ဆစ်ချိုး ပြောင်းလဲလာမယ်လို့ မြင်နိုင်ပါတယ်။

Sora App ရဲ့ အဓိက Concept ကတော့ အသုံးပြုသူများကမိမိရဲ့ မျက်နှာကိုသုံးပြီး AI Video များထဲမှာ သရုပ်ဆောင်လုပ်နိုင်စေမယ့် အချက်ပဲ ဖြစ်ပါတယ်။

မိမိမျက်နှာကို အသုံးပြုနိုင်ဖို့အတွက် သုံးစွဲသူဟာ Video Upload တစ်ခုကို ဦးစွာ ပြုလုပ်ပြီး Facial Data များကို ပေးရပါမယ်။ ထို့နောက် AI Video များထဲမှာ မိမိရဲ့ မျက်နှာကို ထည့်သွင်း ဖန်တီးနိုင်မှာပါ။

နာမည်ကြီး Public Figure များက ခွင့်ပြုမယ်ဆိုရင် သူတို့ကို Cameoအနေနဲ့ Video ထဲ ခေါ်ယူသုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် Video Platform ပေါ်ရှိ Follow ထားသူအချင်းချင်းလည်း ခွင့်ပြုချက်နဲ့အတူ Cameo ခေါ်ယူအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Sora App ဟာ Social Media App တစ်ခုလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်တိုင် ဖန်တီးထားတဲ့ AI Video တွေကို News Feed မှာ ပြန်လည်မျှဝေနိုင်ပါတယ်။ သို့သော် ထွက်လာတဲ့ Video များဟာ အစစ်အမှန်မဟုတ်ဘဲ AI Generated များသာ ဖြစ်ပါလိမ့်မယ်။

လက်ရှိမှာ ဒီ App ကို Invite Only (ဖိတ်ကြားမှသာ အသုံးပြုနိုင်) စနစ်နဲ့ အမေရိကန် (US) နဲ့ ကနေဒါ (Canada) နိုင်ငံများမှာသာ စမ်းသပ်အသုံးပြုခွင့် ပေးထားသေးတယ်လို့ သိရပါတယ်။


Latest