Design ပိုင်းမှာ အားထည့်ထားတဲ့ Galaxy S25

Design ပိုင်းမှာ အားထည့်ထားတဲ့ Galaxy S25

ဒီနှစ်ထွက်တဲ့ Samsung Galaxy S25 Ultra ကတော့ Design နဲ့ Hand feeling မှာ အားရတယ်လို့သိရပါတယ်။

Edge ဖြစ်တဲ့ အနားသတ်ဘောင်တွေနဲ့ S24 Ultra ရဲ့ ထောင့်ချွန်တဲ့ပုံစံကို ဖျောက်ပြီး S25 Ultra မှာ ပိုဝိုင်းပြီး ခပ်ကွေးကွေးပုံစံမျိုး ပြောင်းလိုက်တယ်။ Frame တွေက လေးထောင့်ဖြစ်သွားတယ်။ ပိုလဲ ပါးလာတယ် (8.2mm)၊ 15g လောက်လဲ ပိုပေါ့လာတယ် (218g)။ Titanium frame ကိုတော့ ဆက်သုံးထားတယ်။

Display မှာဆိုရင်လည်း Gorilla Glass Armor 2 သုံးထားလို့ ခြစ်ရာ/ကွဲရာဒဏ်ကို 29% ပိုခံနိုင်ပြီး အလင်းပြန်တာကို 75% လျှော့ပေးတယ်။ Bezel လေးတွေပိုပါးသွားလို့ same size ကိုပဲ display က 6.9-inches AMOLED panel ဖြစ်သွားတယ်။

ဒါတွေအပြင် ကိုင်ရတဲ့ Hand Feeling ကပါ သိသိသာသာပေါ့ပေါ့ပါးပါးလေး ဖြစ်လာတာရယ် ကိုင်လို့လည်း ကောင်းလာပြီး သယ်လို့ကောင်းတာဆိုတော့ အေဆေးပဲပေါ့။

မကြာခင် MyanGoal မှာ ပစ္စည်းရောက်တောမှာဖြစ်လို့ ဝယ်ယူဖို့အတွက် အခုထဲက ပြင်ထားလိုက်တော့နော်။


Latest