Your cart is currently empty!
Elon Musk က Grok 4 ကို အားလုံးအတွက် အခမဲ့ ပေးလိုက်ပြီ
နည်းပညာလောကမှာ အကြီးအကျယ်လှုပ်ခတ်သွားစေမယ့် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။ Elon Musk ဟာ သူ့ရဲ့ နောက်ဆုံးပေါ် AI ဖြစ်တဲ့ Grok 4 ကို လူတိုင်း အခမဲ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။
Grok 4 ကို ဘယ်လို သုံးရမလဲ
အရင်တုန်းက Grok 4 ကို တစ်လကို ဒေါ်လာ ၃၀၀ ပေးရတဲ့ SuperGrok Heavy နဲ့ X Premium လို Subscription ဝယ်ယူထားသူတွေပဲ သုံးနိုင်ခဲ့တာပါ။ အခုတော့ Musk က သူ့ရဲ့ X အကောင့်ကနေ “Grok 4 ကို အသုံးပြုသူတိုင်းအတွက် အခမဲ့ ပေးလိုက်ပါပြီ” လို့ ကြေညာခဲ့ပါတယ်။
Grok ကို အသုံးပြုတဲ့အခါ Auto Mode ကို ရွေးချယ်မယ်ဆိုရင် ရှုပ်ထွေးတဲ့မေးခွန်းတွေကို Grok 4 ဆီကို အလိုအလျောက် ပို့ပေးမှာပါ။ ပိုပြီး ထိန်းချုပ်ချင်တယ်ဆိုရင်တော့ Expert Mode ကို ရွေးချယ်ပြီး Grok 4 ကို အချိန်တိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခမဲ့ အသုံးပြုခွင့်ရဲ့ ကန့်သတ်ချက်များ
ဒီလို အခမဲ့ပေးလိုက်တယ်ဆိုပေမဲ့ အသုံးပြုခွင့်ကိုတော့ အချိန်ကန့်သတ်ထားပါတယ်။ အခမဲ့အသုံးပြုသူတွေအနေနဲ့ ၁၂ နာရီအတွင်း မေးခွန်း ၅ ခုပဲ မေးနိုင်မှာပါ။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာ သုတေသနတွေနဲ့ ရှုပ်ထွေးတဲ့အလုပ်တွေ လုပ်ကိုင်နေသူတွေအတွက်ကတော့ ဒီအခွင့်အရေးဟာ အဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတစ်ခုပါပဲ။
Musk က Grok 4 ရဲ့စွမ်းရည်ဟာ PhD ဘွဲ့ရအဆင့်ရှိပြီး၊ PhD အများစုတောင် Grok 4 လုပ်နိုင်တဲ့အရာတွေကို မလုပ်နိုင်ကြဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေကို ရုပ်ရှင်လို အသက်ဝင်လှုပ်ရှားအောင် လုပ်ပေးနိုင်တဲ့ Grok Imagine ဆိုတဲ့ Feature အသစ်လည်း ပါဝင်လာပါတယ်။
OpenAI ကနေ GPT-5 ကို မိတ်ဆက်ပြီးနောက်မှာ Elon Musk ရဲ့ ဒီလိုရုတ်တရက် Grok 4 ကို အခမဲ့ပေးလိုက်တဲ့လုပ်ရပ်ဟာ သူတို့နှစ်ဦးကြားက ပြိုင်ဆိုင်မှုကို ပြသနေပါတယ်။ ဘာပဲဖြစ်ဖြစ် နည်းပညာကို အသုံးပြုတဲ့သူတွေအတွက်တော့ အကျိုးရှိတာကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ စမ်းသုံးကြည့်သင့်ပါတယ်။






