Your cart is currently empty!
Galaxy S25 Series ဟာ Samsung ကနေ ထုတ်လုပ်တဲ့ အသစ်ဆုံးမျိုးဆက်ဖြစ်ပါတယ်။
ဒီ Generation မှာတော့ ပိုမိုက်လာတဲ့ Camera ၊ ပိုမိုမြန်ဆန်တဲ့ Processor နဲ့ ပိုမိုကြာရှည်ခံတဲ့ ဘက်ထရီတို့နဲ့အတူ မိတ်ဆက်လာပါတယ်။
အဓိက ထူးခြားချက်ကတော့ ..
• Camera
S25 Ultra မှာ 200MP မျိုးဆက်သစ်ကင်မရာကို အသုံးပြုထားပြီး Night Mode Photography နဲ့ Zoom တွေမှာတော့ လက်ရှိ ထွက်သမျှ ဖုန်းတွေနဲ့ အပြတ်အသတ်ကိုကောင်းနေပါတယ်။
ဒါ့အပြင် 50MP Telephoto , 50MP Ultrawide နဲ့ 10MP Midrange Zoom တပ်ဆင်ထားပြီး အရှေ့ ကင်မရာက 12MP ကို အသုံးပြုထားပါတယ်။
• Processor
Qualcomm Snapdragon 8 Elite for Galaxy ကို အသုံးပြုထားပြီး ဂိမ်းကစားတာအပါအဝင် တခြား App တွေနဲ့ Feature တွေ အသုံးပြုတာတွေမှာ လက်ရှိ Smartphone တွေထက် ပိုပြီး မြန်ဆန်နေမှာဖြစ်ပါတယ်။
• Battery
Battery ကတော့ 5,000mAh ကိုသုံးထားပြီး ပိုမိုကြီးမားတဲ့ ဘက်ထရီနဲ့ ပိုမိုထိရောက်တဲ့ ပါဝါစီမံခန့်ခွဲမှုစနစ်တို့ကြောင့် တစ်နေ့လုံးအသုံးခံမှာဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Design
ဘေးဘောင်တွေက ပိုပါးလွှာလာပါတယ်။ Samsung က Display System ပိုကောင်းစေတဲ့ “ProVisual Engine” ထည့်ထားပြီး ဘက်ထရီ သုံးစွဲတာကို လျှော့ချပေးပါတယ်။ ခေတ်မီတဲ့ ဒီဇိုင်းနဲ့ အရောင်အသွေးမျိုးစုံကို ရွေးချယ်နိုင်ပါတယ်။ Titanium Black, Titanium Gray, Titanium Silver Blue, နဲ့ Titanium White Silver ဆိုပြီး အရောင်တွေနဲ့လာမှာဖြစ်ပါတယ်။
ဒီဖုန်းရဲ့ အဓိက စွမ်းရည်က AI Feature တွေ ဖြစ်ပါတယ်။ Google ရဲ့ Gemini AI ကို သုံးထားပြီး ပါဝါခလုတ်ကို ဖိကာ ဆင့်ခေါ်နိုင်ပါတယ်။ Circle to Search က ပိုကောင်းလာပြီး ဖုန်းနံပါတ်၊ အီးမေးနဲ့ URLs တွေကို သိလာနိုင်ပါတယ်။ စာသား၊ အသံ၊ ဓါတ်ပုံနဲ့ ဗီဒီယိုကို ဘာသာပြန်ပေးနိုင်တဲ့ Multimodal AI Agents ပါပါတယ်။
• Other Feature
Galaxy S25 Series တွေရဲ့ ထူးခြားချက်တွေကတော့ S Pen Support လုပ်တယ်၊ 5G System ပါဝင်မယ်၊ ကြီးမားတဲ့ Display နဲ့ Software Update တွေကိုလည်း အများကြီးပေးထားပါတယ်။
Galaxy S25 ကို စတင်သုံးစွဲသူတွေအတွက်ကတော့ စျေးတန်တန်နဲ့ အကောင်းဆုံး Performance တွေရနိုင်မယ့် မော်ဒယ်ဖြစ်ပြီး ရွေးချယ်လို့အကောင်းဆုံးဖြစ်စေမှာပါ။
Galaxy S25+ ကတော့ ပိုမိုကြီးမားတဲ့ Display နဲ့ ကြာရှည်ခံတဲ့ Battery Life ကိုမှ လိုချင်သူတွေအတွက် သင့်တော်ပါတယ်။
Galaxy S25 Ultra ကတော့ အကောင်းဆုံး စွမ်းဆောင်ရည် လိုချင်သူတွေအတွက် သင့်တော်ပြီး Pro ဆန်ဆန် ဓာတ်ပုံရိုက်ကူးသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။
ဒါတွေကတော့ Galaxy S25 Series ကိုရွေးချယ်မယ့်သူတွေအတွက် ရွေးရလွယ်အောင် တင်ဆက်ပေးလိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.