Your cart is currently empty!
iOS အကြီးမားဆုံး ပြောင်းလဲမှုတွေပါဝင်လာမယ့် iOS 19
လက်ရှိမှာတော့ iOS 18 မှာပြောင်းလဲမှုတွေယူဆောင်လာပြီး အားလုံးမျှော်လင့်နေခဲ့ကြတဲ့ Apple Intelligence အပါဝင် တခြားတိုးတက်လာတဲ့ Feature အများကြီးကိုတွေ့ဖူးပြီးကြပါပြီ။
ဒါပေမယ့် iOS 19 မှာတော့ ဒီ့ထက်ပိုတဲ့ Feature တွေအများကြီးပိုပါလာဦးမယ့်အပြင် ထူးခြားတဲ့ Feature တွေပါပါလာဦးမှာမို့လို့ User တွေက စောင့်မျှော်နေကြပါတယ်။
လက်ရှိ iOS Design က iOS 7 တည်းက ပုံကို အခြေခံထားတာ။ အဲ့ဒါကြောင့် iOS 19 ကို နောက် နှစ်ပေါင်းများစွာထိ ရည်ရွယ်ပြီးတော့ Design ပြောင်းတာ လို့ သိရပါတယ်။
iOS 19 မှာဆိုရင် System Design ပိုင်းအားလုံးအပြင် App icon တွေနဲ့ Control Center အထိပါပြောင်းလဲလာမယ်လို့သိရပါတယ်။
ဒါ့အပြင် iOS 19, iPadOS 19, macOS တွေ အကုန်လုံးကို ပြောင်းလဲမှာပါ၊ အဲ့ဒါကြောင့် Ecosystem က အကုန်လုံး ပုံစံတူ Design ဆင်တူတွေဖြစ်နေမှာပါ။
နောက်ပြီး visionOS Design ကို အခြေခံပြီးတော့ menu အသေးစိတ်ကအစ ပြောင်းလဲမယ်လို့ သိရပါတယ်။







Leave a Reply
You must be logged in to post a comment.