Your cart is currently empty!
⚠️ iOS 26.1 Update ပြီးနောက် အသုံးပြုသူများ ကြုံတွေ့ရသော Error နဲ့ Bugs များ
Apple က iOS 26.1 Update ကို iOS 26 ရှိ Error များကို ပြင်ဆင်ဖို့ ထုတ်ပြန်ပေးခဲ့ပေမယ့် Update လုပ်ပြီးနောက် အချိန်ကြာလာသည်နဲ့အမျှ Bugs Error များ ထပ်မံ ပေါ်လာကြောင်း အသုံးပြုသူများက ရေးသားဖော်ပြနေကြပါတယ်။
၁။ Display ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ (Visual Bugs)
Widgets တွေကို Home Screen များကို ပွတ်ဆွဲရာမှာ Lagging မျိုးများ ကြုံတွေ့နေရသလို Control Center ကို ဆွဲချပြီး ပြန်ထွက်သည့်အခါ အရိပ်များ ခေတ္တကျန်နေခြင်း နဲ့ မျက်နှာပြင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်းမျိုးများ တွေ့ရပါတယ်။
၂။ ဆက်သွယ်မှု (Connectivity) ပြဿနာ
Cellular Network (ဖုန်းလိုင်း) များ ရုတ်တရက် ပျောက်ဆုံးသွားခြင်းနဲ့ ဖုန်းလိုင်း တိုင် အပြည့်အဝ တက်နေပေမယ့် အင်တာနက်လုံးဝ သုံးမရခြင်းမျိုးတွေ ကြုံရပါတယ်။
၃။ စာရိုက်ခြင်းနဲ့ App ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ
ကိုယ်နှိပ်လိုက်သော စာလုံးအစား အခြားစာလုံးများ (ဥပမာ- “U” နှိပ်သော်လည်း “J” အဖြစ်၊ “H” နှိပ်သော်လည်း “U” အဖြစ်) မှားယွင်းစွာ ပေါ်လာတာနဲ့ အချို့ Application များကို အသုံးပြုနေစဉ် ရုတ်တရက် ပြန်ထွက်သွားတဲ့ Crashing တွေ ဖြစ်ပေါ်တာမျိုးတွေဖြစ်ပေါ်နေပါတယ်။
၄။ စွမ်းဆောင်ရည်နှင့် ဘက်ထရီ (Performance & Battery)
မော်ဒယ်တော်တော်များများတွင် ဖုန်းသည် အပူလွန်ကဲလာခြင်း နံဲ့ Battery ကုန်မြန်ခြင်း မျိုးများ ဖြစ်ပေါ်နေသလို အားသွင်းတဲ့အခါမှာလည်း ပုံမှန်ထက် အရမ်းမြန်လွန်းနေတာ မျိုးများ ဖြစ်ပေါ်နေတာမျိုးတွေကြုံတွေ့နေရပါတယ်။
ဒီ Error လေးတွေဖြေရှင်းဖို့ဆိုရင်တော့ နောက် Update စောင့်ဖို့ လိုပါဦးမယ်။






