Your cart is currently empty!
နေ့စဥ်အသုံးပြုနေတဲ့ထဲမှာ ကိုယ်ဖုန်းကလည်း မပါမဖြစ်ပါနေတဲ့ အသုံးဆောင်ဆိုလည်းမမှားပါဘူး။
အသုံးပြုနေတဲ့ ကိုယ်ရဲ့ iPhone လေးမှာလက်ရာတွေထင်နေတာတို့၊ Cover ဖြုတ်လိုက်လို့ဖုန်တွေ၀င်နေတာတို့ဆိုရင်တော့သန့်ရှင်းရေးလုပ်ဖို့လိုပြီနော်၊၊
ဒီလို အချိန်မျိုးမှာ ကိုယ်က အပြင် ခဏခဏသွားရလို့ ကိုယ့်ရဲ့ iPhone လေးမှာ ကပ်ပါလာတတ်တဲ့ ဖုန်တွေ၊ အညစ်ကြေးတွေက သန့်ရှင်းရေးမလုပ်ဘဲ မေ့နေတဲ့ အခါမှာ ကိုယ့် iPhone ရဲ့ Body,Speaker လိုနေရာမျိုးတို့ကို အမှတ်မထင် Damage လေးတွေဖြစ်တတ်ပါတယ်။
ဒါဆိုရင် စနစ်တကျ ဘယ်လို Cleaning လုပ်မလဲ?
ကိုယ့် iPhone တွေမှာ အစွန်းအထင်းတွေ ဒါမှမဟုတ် မုန့်စားပြီးတော့ဖြစ်ဖြစ်ကိုင်မိတာကြောင့်ဖြစ်တဲ့
အဆီရာတွေလက်ရာတွေ စတာတွေအပြင် တစ်နေရာရာကနေဝင်လာတဲ့ ဖုန်မှုန့်အညစ်ကြေးတွေရှိနေရင်တော့ Apple ရဲ့ Guidelines လေးအတိုင်း သန့်ရှင်းရေးလုပ်ကြမယ်။
အရင်ဦးဆုံးကိုယ့် iPhone ရဲ့ Cover ကိုဖြုတ်ရပါမယ်ပြီးတဲ့နောက်မှာ ရေအနည်းငယ်စွတ်ထားတဲ့ နူးညံ့တဲ့ အ၀တ်ကိုသုံးပါ။ နွေးနေပြီးရေနဲ့စွတ်ထားတဲ့ အ၀တ်ကိုလည်းအသုံးပြုနိုင်ပါတယ်နော်။
ညစ်ပေနေတဲ့နေရာတွေကို ဖြေးဖြေးချင်းစီ သုတ်ချပေးရပါမယ်နော်၊၊
Dryer လိုအရာတွေနဲ့အခြောက်မခံပေးဘဲ နူးညံ့တဲ့ အ၀တ်နဲ့ပဲပြောင်အောင်တိုက်ပေးပါ၊၊
ဒါဆိုရင်တော့ အရမ်းကို သပ်ရပ်လှပပြီး သန့်ရှင်းတဲ့ ကိုယ့်ရဲ iPhone လေးကိုပြန်လည်မြင်တွေ့ရမှာဖြစ်လို့ Cleaning လုပ်ဖို့ မသိသေးတဲ့ မိတ်ဆွေတို့ကိုလည်း Sharing လုပ်ပေးဖို့ မမေ့နဲ့နော်။
တောက်တောက်ပြောင်ပြောင်တစ်ဖန်ပြန်ဖြစ်ဖို့ ကိုယ့် iPhone လေးကို အခုပဲ စနစ်တကျသန့်ရှင်းရေးလုပ်လိုက်ပါ။






