Your cart is currently empty!
iPhone ဈေးနှုန်းတွေဟာ အမြဲလိုလို စကားပြောစရာဖြစ်နေကြပါ။ ပြောရမယ့်အချက်တစ်ခုကတော့ ၂၀၁၇ ခုနှစ်ကစပြီး iPhone Pro မော်ဒယ်တွေရဲ့ စတင်ရောင်းချတဲ့ဈေးနှုန်းဟာ ဒေါ်လာ ၉၉၉ နဲ့ပဲ တသမတ်တည်း ရှိနေခဲ့တာပါပဲ။ အဲဒီအချိန်က iPhone X ကနေ အခုချိန်အထိ iPhone 16 Pro အထိပေါ့။
ဒါပေမဲ့ ဒီနှစ်မှာတော့ Apple က ဒီဈေးနှုန်းကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ iPhone 17 Pro ရဲ့ အခြေခံမော်ဒယ်ဟာ ဒေါ်လာ ၅၀ ဈေးတက်ပြီး ဒေါ်လာ ၉၉၉ အစား ဒေါ်လာ ၁၀၄၉ ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။
ဈေးတက်တယ်ဆိုပေမဲ့ သုံးစွဲသူတွေအတွက် သတင်းကောင်းတစ်ခုကတော့ Storage ပိုင်းကို မြှင့်တင်ပေးလိုက်တာပါပဲ။ အရင်က 128GB နဲ့ စတင်ခဲ့တဲ့ Pro Model တွေဟာ အခုဆိုရင် 256GB ကနေ စတင်ရောင်းချတော့မယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါဟာ Pro Model အသုံးပြုသူတွေအတွက် အနည်းဆုံး Storage ပမာဏက 256GB ဖြစ်လာတော့မှာကို ညွှန်ပြနေပါတယ်။
ဒီလိုဈေးတက်မှုနဲ့အတူ Storage ပိုင်းကို မြှင့်တင်ပေးလိုက်တာဟာ သုံးစွဲသူတွေကို ဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။






