iPhone တွေမှာ နားကြပ်ပေါက် ဘာလို့ မပါတော့တာလဲ ? 

iPhone တွေမှာ နားကြပ်ပေါက် ဘာလို့ မပါတော့တာလဲ ? 

iPhone တွေမှာ နားကြပ်ပေါက်ကို iPhone 7 ကနေစပြီး မထည့်သွင်းပေးတော့ပါဘူး။ ဒီလိုမထည့်သွင်းတော့တာကလည်း အကြောင်းရှိပါတယ်။ 

Headphone Port တွေ မပါဝင်တာက iPhone တွေကို ပိုပြီး ပါးလွန်းအောင် ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး ဖြုတ်ခဲ့တာပါ။ ဒါ့အပြင် နောက်ပိုင်းမှာ ဘူးအတွင်းမှ Earpods တွေကို ဖယ်ရှားခဲ့ပါတယ်။

တကယ်တော့ Headphone တွေက iPhone မှာ နေရာအရမ်းယူလို့ တခြား Feature တွေ ထပ်ထည့်လို့မရတဲ့အတွက် Apple အနေနဲ့ ဖယ်ထုတ်ခဲ့တာပါ။ 

ဒါ့အပြင် Wireless EarPods တွေကလည်း ခေတ်စားလာပြီဖြစ်လို့  iPhone 7 ကနေစလို့ Headphone Jack ကို ဖြုတ်ပြီး AirPods 1 ကို တစ်ပါတည်း မိတ်ဆက်ခဲ့တာပါ။ 

AirPods တွေကို ပိုပြီး အသုံးပြုစေချင်တဲ့ ရည်ရွယ်ချက်နဲ့ Headphone Port တွေကို ဖယ်ထုတ်ခဲ့ပြီး iPhone တွေကို ယနေ့အချိန်ထိ အလန်းဆုံး Design တွေနဲ့ ဆွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 


Latest