iPhone တွေ စျေးတက်မယ့် Apple

iPhone တွေ စျေးတက်မယ့် Apple

Apple ဟာ တရုတ်မှာ ပစ္စည်းတွေ တက်ဆင်နေရတာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။

တစ်ချို့တွေကတော့ iPhone တွေကို US က ထုတ်တယ်ပဲထင်ကြတာပါ။ တကယ်တော့ iPhone, iPad, Mac တွေကို တရုတ်မှာ ထုတ်နေတာက ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီဖြစ်ပါတယ်။

နောက်ပိုင်းတရုတ်မှာ စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှုတစ်ခုကြောင့် iPhone တွေထုတ်လုပ်ရာမှာ Apple အနေနဲ့ထိခိုက်ခဲ့ရပြီး နောက်ပိုင်း iPhone တွေကို India မှာ ပြောင်းရွေ့ထုတ်လုပ်ဖို့ လုပ်ခဲ့ပါတယ်။

အခုတစ်ခါမှာတော့ ဒေါ်နယ်ထရမ့်က အာဏာရလာပြီးနောက်ပိုင်းမှာ အမေရိကန်ပိုင် တရုတ်ထုတ်ကုန်တွေအပေါ်မှာ 10% အခွန်ဆောင်ရမယ်လို့ သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဒီလို တိုးကောက်လိုက်တဲ့ အတွက် မကြာခင် တရုတ်မှာရှိတဲ့ Apple လည်း စျေးကွက်ကိုလိုက်ပြီး ဖုန်းစျေးတွေ တိုးမြှင့်လာနိုင်မယ်လို့သိရပါတယ်။

ဒါ့ကြောင့် Apple က Apple Products တွေ စျေးမတက်ရေး iPhone အသစ်တွေ မကြေညာခင်မှာ စက်ရုံတွေကို India ကိုပြောင်းရွေ့ဖို့ စီစဥ်နေတာမျိုးလုပ်နေတာဖြစ်ပါတယ်။

မကြာခင် India Made နဲ့ iPhone 17 Series ကိုတွေ့ရတော့မှာဖြစ်ပါတယ်။


Latest