Your cart is currently empty!
iPhone 16e ကို အကြမ်းဆုံး Feature တွေပဲထည့်သွင်းထားတဲ့ Apple
Apple ရဲ့ ဒီတစ်ခေါက်လုပ်သွားတဲ့ အကွက်ကတော့ တော်တော်လေးမိုက်ပါတယ်။
Camera ပိုင်းမှာ ထူးထူးခြားခြား Camera တစ်လုံးတည်းကိုမှ နှစ်လုံးပုံစံသုံးပေးထားပါတယ်။
ဒါ့အပြင် Battery Life ကလည်း iPhone 16 တွေထက်တောင်မှ အားခံအောင်လုပ်ထားတာက အားရစရာပါပဲ။
တခြား စိတ်ဝင်စားဖို့ကောင်းတာက Apple Intelligence ကို ဒီတိုင်း ထည့်ပေးထားပြီး Pro တွေနည်းတူ အသုံးပြုခွင့်ပေးထားတာပါပဲ။
Apple ရဲ့ Chip အသစ်တစ်ခုဖြစ်တဲ့ 5G စနစ်ကို ပိုမိုမြန်ဆန်စေတဲ့ C1 Chip တစ်ခုကိုလည်း ထည့်သွင်းထားပြီး နောက်ပိုင်း ဖုန်းတွေမှာပါ ဒီ Feature ကို အသုံးပြုဖို့ လုပ်လာနိုင်ဖို့ ပထမဦးဆုံးထည့်သွင်းထားတဲ့ Chip အသစ်တစ်ခုဖြစ်ပါတယ်။
နောက်ပြီး Design ပိုင်းမှာဆိုရင်လည်း Aluminium Design ကို အသုံးပြုထားပြီး SE ရဲ့ Vibe ရအောင် တမင် Compact Design ပိုင်းရအောင်လုပ်ထားပါတယ်။
Face ID အသုံးပြုလို့ရနိုင်မှာဖြစ်ပြီး Dynamic Island ကတော့ Budget iPhone ဖြစ်တာမို့လို့ ပါဝင်မှာ မဟုတ်ပဲ Notch နဲ့သာပါဝင်လာမှာပါ။
စိတ်ဝင်စားဖို့ကောင်းတဲ့ iPhone တစ်လုံးဖြစ်တာမို့လို့ ဒီနှစ်ကတော့ ရွေးချယ်စရာထပ်တိုးလာတဲ့ သဘောပေါ့နော်။







Leave a Reply
You must be logged in to post a comment.