iPhone 17ကို Indiaမှာ အစောဆုံးထုတ်လုပ်သွားမယ့် Apple

တရုတ်နဲ့ Apple တင်းမာမှုတွေဖြစ်ပြီးနောက်ပိုင်းမှာ Apple က သူ့ရဲ့ Supplier အများစုကို India ကို ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။
Apple ကတော့ အခြေခံမော်ဒယ် iPhone 17 အတွက် အစောပိုင်း ထုတ်လုပ်ရေး လုပ်ငန်းများကို စတင်ဖို့ အိန္ဒိယ စက်ရုံကို အသုံးပြုရန် စီစဉ်နေကြောင်း The Information မှ တစ်ဆင့် အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး သိခဲ့ရပါတယ်။
India ကတော့ တရုတ်နိုင်ငံပြီးတဲ့နောက်မှာ Apple ရဲ့ iPhone အသစ်တွေကို အစောဆုံးထုတ်လုပ်နိုင်မယ့် နိုင်ငံဖြစ်လာပါပြီ။
အခု iPhone 16 Series အသစ်တွေဆိုလည်း အမေရိကန်မှာ ဒီဇိုင်းထုတ်ထားပြီး India မှာတပ်ဆင်တဲ့အခါမှာတော့ Quality မှာပိုကောင်းပြီး ထုတ်လုပ်မှုမြန်ဆန်တဲ့အတွက် india နိုင်ငံရဲ့ လုပ်အားကိုပိုပြီး ကောင်းစေတယ်လို့ နိုင်ငံတကာပုံရိပ်တွေမှာထင်ဟပ်စေခဲ့ပါတယ်။
မကြာခင် iPhone တွေကို Made in India ဆိုပြီး မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Latest