iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု

iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု

iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်ကတော့ ဘက်ထရီ လုံးဝကုန်သွားတဲ့အခါ ကြုံတွေ့ရတတ်တဲ့ ထူးထူးခြားခြား Bug တစ်ခုပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဖုန်းအားကုန်သွားရင် အားသွင်းကြိုးနဲ့ ပြန်သွင်းရုံနဲ့ စက်ပြန်ပွင့်လာလေ့ရှိပေမဲ့ အခုနောက်ဆုံးထွက် iPhone တွေမှာတော့ အားသွင်းကြိုးနဲ့ ချိတ်ထားပေမဲ့လည်း ဘာအချက်ပြမှုမှ မပြတော့ဘဲ စက်သေသွားသလိုမျိုး Screen အမည်းကြီးအတိုင်း ဖြစ်နေတတ်တာပါ။

ဒီပြဿနာဟာ Hardware Reset လုပ်လို့မရသလို ကွန်ပျူတာနဲ့ ချိတ်ဆက်ရင်လည်း ရှာမတွေ့တော့တဲ့အထိ စိတ်ပူစရာ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ အားသွင်းကြိုးအစား MagSafe လို့ခေါ်တဲ့ Wireless Charger ပေါ်မှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် တင်ထားပေးဖို့ပဲ ဖြစ်ပါတယ်။ ဘက်ထရီ Software က စက်ပြန်ပွင့်ဖို့ လိုအပ်တဲ့ အနိမ့်ဆုံး ဗို့အားကို အားသွင်းကြိုးကနေ မဆွဲတင်နိုင်တဲ့အခါ MagSafe က အထိရောက်ဆုံး ကူညီပေးနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် iPhone 17 နဲ့ Air အသုံးပြုသူတွေအနေနဲ့ ဘက်ထရီ ၀% အထိ အကုန်မခံဖို့နဲ့ အရေးပေါ်အခြေအနေအတွက် MagSafe Charger လေး ဆောင်ထားဖို့ တိုက်တွန်းချင်ပါတယ်။


Latest