Apple ရဲ့ Q2 ဘဏ္ဍာရေးနှစ် အစီရင်ခံစာအရ iPhone 17 စီးရီးဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး စံချိန်တင်နိုင်ခဲ့တဲ့ Lineup တစ်ခု ဖြစ်လာပါတယ်။ မတ်လကုန်မှာ အဆုံးသတ်ခဲ့တဲ့ ဒီသုံးလပတ်အတွင်းမှာ Apple ဟာ တစ်ရက်ကို ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေရရှိခဲ့ပြီး iPhone တစ်ခုတည်းကတင် ဒေါ်လာ ၅၇ ဘီလျံကျော်အထိ ရှာဖွေပေးနိုင်ခဲ့တာပါ။ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုပိုင်း အားလုံးမှာ အောင်မြင်မှုတွေ ရရှိခဲ့သလို အမေရိကန်၊ ဥရောပကနေ အာရှဈေးကွက်တွေအထိ iPhone ရောင်းအားဟာ သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။ ဒီလိုမျိုး တဟုန်ထိုး အောင်မြင်လာတာဟာ iPhone 17 စီးရီးရဲ့ ခေတ်စားမှုကြောင့်ဖြစ်တယ်လို့ ကုမ္ပဏီဘက်ကလည်း ဂုဏ်ယူစွာနဲ့ အတည်ပြု ပြောကြားထားပါတယ်။






