iOS 26.5 မှာ iPhone အတွက် လှပတဲ့ wallpaper အသစ်တွေကို ထည့်သွင်းပေးထားပြီး အဆိုပါစနစ်ရဲ့ RC ဗားရှင်းအရ Apple ရဲ့ နောက်ဆုံးထွက် Pride wallpaper ဟာ အရောင်အသွေးစုံလင်တဲ့ ပုံစံ ၁၁ မျိုးအပြင် ကိုယ်တိုင်စိတ်ကြိုက် ဖန်တီးနိုင်တဲ့ option တစ်ခုပါ ပါဝင်လာတာကို တွေ့ရပါတယ်။ Apple ဟာ iOS နဲ့ iPadOS 26.5 မှာ ဒီ wallpaper အသစ်ကို မကြာခင် မိတ်ဆက်တော့မှာဖြစ်ပြီး အခုလက်ရှိ ထွက်ရှိထားတဲ့ RC build တွေကြောင့် Developer တွေနဲ့ Beta အသုံးပြုသူတွေဟာ အများပြည်သူဆီ မရောက်ခင်မှာတင် အရင်ဆုံး စမ်းသပ်ခွင့် ရနေကြပြီ ဖြစ်ပါတယ်။
ဒီ wallpaper အသစ်တွေဟာ Apple ရဲ့ Liquid Glass ဒီဇိုင်းနဲ့ လိုက်ဖက်ညီမယ့် အရောင်စုံ ၁၁ မျိုး ပါဝင်တာကြောင့် ထင်ထားတာထက် ပိုပြီး ထူးခြားနေပါတယ်။ ဒါ့အပြင် အဆိုပါ အရောင် ၁၁ မျိုးထဲကတင် မကဘဲ ကိုယ်တိုင်စိတ်ကြိုက် အရောင်ရွေးချယ်နိုင်တဲ့ Custom Builder လည်း ပါဝင်လာပါတယ်။ ဒီစနစ်မှာ Color Picker ကနေ အနည်းဆုံး အရောင် ၁ မျိုးကနေ ၁၂ မျိုးအထိ စိတ်ကြိုက်ရွေးချယ်ပြီး ကိုယ်ပိုင် wallpaper တစ်ခုကို ဖန်တီးနိုင်မှာပါ။ ဒါကြောင့် Apple က ပေးထားတဲ့ ပုံစံ ၁၁ မျိုးကို အားမရသေးရင်တောင် iOS 26.5 မှာ သင့်အတွက် အလိုက်ဖက်ဆုံးနဲ့ အလှပဆုံး Glassy wallpaper ကို စိတ်ကြိုက် ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ






