Samsung စမတ်ဖုန်းအသုံးပြုသူတွေအတွက် နေ့စဉ်ဘဝမှာ တကယ့်ကို အသုံးတည့်လှတဲ့ Feature



Samsung စမတ်ဖုန်းအသုံးပြုသူတွေအတွက် နေ့စဉ်ဘဝမှာ တကယ့်ကို အသုံးတည့်လှတဲ့ Feature



Samsung စမတ်ဖုန်းအသုံးပြုသူတွေအတွက် နေ့စဉ်ဘဝမှာ တကယ့်ကို အသုံးတည့်လှတဲ့ Feature တစ်ခုကတော့ Modes and Routines ပဲဖြစ်ပါတယ်။ 

ဒီစနစ်ဟာ ဖုန်းတစ်လုံးကို လူသားတစ်ယောက်လိုမျိုး စဉ်းစားတွေးခေါ်တတ်အောင် သင်ကြားပေးထားသလိုမျိုးဖြစ်ပြီး အသုံးပြုသူရဲ့ နေ့စဉ်လှုပ်ရှားမှုတွေအပေါ် မူတည်ပြီး ဖုန်းရဲ့ Setting တွေကို အလိုအလျောက် ပြောင်းလဲပေးနိုင်တာပါ။ ဥပမာအားဖြင့် သင့်အနေနဲ့ ရုံးရောက်တာနဲ့ ဖုန်းကို Silent လုပ်ဖို့ ဒါမှမဟုတ် အိမ်ပြန်ရောက်တာနဲ့ Wi-Fi ကို အလိုအလျောက်ချိတ်ဆက်ပြီး အလင်းအမှောင်ညှိဖို့အတွက် ကိုယ်တိုင်လိုက်ပြင်နေစရာ မလိုတော့ပါဘူး။

ဒီ Feature ရဲ့ အဓိကအားသာချက်ကတော့ ဖုန်းအသုံးပြုသူရဲ့ အမူအကျင့်တွေကို လေ့လာပြီး လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ အိပ်စက်ချိန်ရောက်တဲ့အခါမှာလည်း မျက်စိညောင်းညာမှုကို သက်သာစေဖို့ မျက်နှာပြင်အရောင်ကို အလိုအလျောက် ပြောင်းလဲပေးတာမျိုးနဲ့ အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုတွေကလွဲလို့ ကျန်တဲ့ Notification တွေကို ပိတ်ထားပေးတာမျိုးတွေကတစ်ဆင့် အနားယူချိန်ကို အနှောင့်အယှက်မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ပိုင်စိတ်ကြိုက် သတ်မှတ်ထားတဲ့ အခြေအနေတွေ (Conditions) ပြည့်စုံတာနဲ့ ဖုန်းက အလိုအလျောက် တုံ့ပြန်လုပ်ဆောင်ပေးတာကြောင့် အချိန်ကုန်သက်သာစေရုံတင်မကဘဲ စမတ်ဖုန်းတစ်လုံးကို ပိုမိုစမတ်ကျကျနဲ့ အကျိုးရှိရှိ အသုံးပြုလာနိုင်စေမှာ ဖြစ်ပါတယ်။

ဒီ Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး Settings ထဲသို့ ဝင်ပါ။ ပြီးရင်တော့အပေါ်နားတွင် တွေ့ရမယ့် Modes and Routines ဆိုတဲ့ menu ကို ရွေးချယ်ပေးရုံပါပဲ။ ဒီနေရာရောက်ပြီဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုများဖြစ်တဲ့ အိပ်စက်တာ၊ ကားမောင်းတာ၊ အလုပ်လုပ်တာတွေကို စီစစ်ပြီးတော့ အလိုအလျောက်ချိန်ညှိပေးသွားမှာဖြစ်ပါတယ်။


Latest