Your cart is currently empty!

iPhone 17 Air ဟာ အရမ်းပါးလွှာတဲ့ ဒီဇိုင်းကြောင့် ဘက်ထရီပမာဏနည်းနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
iPhone 17 Air ဟာ အရမ်းပါးလွှာတဲ့ ဒီဇိုင်းကြောင့် ဘက်ထရီပမာဏနည်းနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ သတင်းများအရ iPhone 17 Air မှာ ၂၈၀၀ mAh ဘက်ထရီသာ ပါဝင်လာနိုင်ပြီး ဒါဟာ ၂၀၂၅ ခုနှစ်ရဲ့ စံနှုန်းနဲ့ဆိုရင် အတော်လေး နည်းပါးတဲ့ ပမာဏ ဖြစ်ပါတယ်။
ဒီလို ဘက်ထရီနည်းပါးမှုဟာ ပါးလွှာတဲ့ဒီဇိုင်းကြောင့်လို့ ပြောနိုင်ပေမဲ့၊ တခြားသော ပြိုင်ဘက်ဖုန်းတွေရဲ့ ဥပမာတွေကို ကြည့်မယ်ဆိုရင်တော့ ဒီအချက်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်။
Samsung Galaxy S25 Edge (အထူ ၅.၈ မီလီမီတာ) မှာ ၃၉၀၀ mAh ဘက်ထရီပါဝင်ပါတယ်။
Tecno Spark Slim (အထူ ၅.၇၅ မီလီမီတာ) မှာတော့ ၅၂၀၀ mAh ဘက်ထရီအထိ ထည့်သွင်းပေးထားပါတယ်။
Apple ဟာ Silicon Carbon Battery နည်းပညာကို အသုံးပြုလာဖို့ အလားအလာ မရှိသေးတာကြောင့် သတင်းထွက်ပေါ်နေတဲ့အတိုင်း ၂၈၀၀ mAh ဘက်ထရီသာ ပါလာခဲ့ရင် Power Bank တွေ ပိုပြီးရောင်းကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ iPhone 17 Air ဟာ လက်ရှိမှာ သတင်းပေါက်ကြားမှုတွေသာ ရှိသေးတာကြောင့် Apple က နောက်ဆုံးမှာ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။