iPhone Air ကို ဒီဇိုင်းထုတ်ခဲ့သူ Apple မှ ထွက်ခွာ၊ AI Startup သို့ ပြောင်းရွှေ့
Apple ဟာ ဒီနှစ်ထဲမှာ ၅.၆ မီလီမီတာ (5.6mm) ပဲ အထူရှိတဲ့ အလွန်ပါးလွှာတဲ့ iPhone Air ကို ထူးထူးခြားခြား မိတ်ဆက်ခဲ့ပါတယ်။ ဒီလို အလွန်ပါးလွှာအောင် လုပ်ထားရတဲ့အတွက် Single Camera၊ Single Mono Speaker သာ ပါဝင်ပြီး Battery စွမ်းဆောင်ရည်ပိုင်းကလည်း အခြား iPhone 17 Series များလောက် မကောင်းခဲ့ပါဘူး။ ဈေးနှုန်းအားဖြင့် $999 နဲ့ ရောင်းချခဲ့တာကြောင့် ဒီနှစ်မှာ အရောင်းရဆုံး မဟုတ်တဲ့ iPhone လို့တောင် သုံးသပ်ခံခဲ့ရပါတယ်။
ယခုအခါ Bloomberg ကနေ ထုတ်ပြန်လိုက်တဲ့ သတငiPhone Air ကို ဒီဇိုင်းရေးဆွဲရာမှာ အဓိက ပါဝင်ခဲ့တဲ့ Industrial Designer တစ်ဦးဖြစ်သူ Abidur Chowdhury ဟာ Apple ကုမ္ပဏီကနေ အလုပ်ထွက်လိုက်ပြီ လို့ သိရပါတယ်။
သူဟာ အမည်မဖော်လိုတဲ့ AI Startup ကုမ္ပဏီတစ်ခုဆီကို အလုပ်ပြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။
ဒီသတင်းထွက်ပေါ်လာခြင်းဟာ မကြာသေးခင်က Apple ကနေ ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ iPhone Air 2 ရဲ့ အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီး ၂၀၂၇ မှသာ Next Generation (မျိုးဆက်သစ်) ကို မိတ်ဆက်မယ်ဆိုတဲ့ သတင်းနဲ့ ထပ်တူကျနေတယ် လို့ ပြောလို့ရပါတယ်။ ဒီဇိုင်နာပါ အလုပ်ထွက်သွားတဲ့အတွက် Air 2 ရဲ့ အနာဂတ်ဟာ ပိုပြီး နှောင့်နှေးသွားပုံရတယ် လို့ သုံးသပ်နိုင်ပါတယ်။
Abidur Chowdhury ဘာကြောင့် အလုပ်ထွက်သလဲဆိုတာကို အတိအကျ မသိရသေးပါဘူး။ iPhone Air ရဲ့ ဈေးကွက်မှာ ထင်ထားသလောက် မအောင်မြင်တာကြောင့် ဖြစ်နိုင်ပေမယ့် Bloomberg ကတော့ iPhone Air ရဲ့ အောင်မြင်မှုနဲ့ မသက်ဆိုင်ဘူးလို့ ဆိုထားပါတယ်။
လက်ရှိ Apple မှာ ကြုံတွေ့နေရတဲ့ Brain Drain ပြဿနာ (လူတော်တွေ အလုပ်ထွက်သွားခြင်း) ဟာ တော်တော်လေး ဆိုးရွားနေပါတယ်။ အကြီးပိုင်း လူတော်များဟာ Jony Ive ရဲ့ io AI Team အပါအဝင် Meta, Anthropic, နဲ့ OpenAI လိုမျိုး AI ကုမ္ပဏီကြီးတွေ ဆီကို ရောက်ရှိနေကြပါတယ်။ Apple ဟာ AI နယ်ပယ်မှာ ထင်ထားသလောက် ရှေ့မရောက်သေးတာကလည်း ဒီလို လူတော်များ ထွက်ခွာမှု ကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ထွက်ရှိလာမယ့် iPhone Air 2 ရှိလာခဲ့ရင်တောင် လက်ရှိနှင့် မတူညီသော ဒီဇိုင်းသစ် တစ်ခုနဲ့ ထွက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။






