Your cart is currently empty!
iPhone Fold သတင်းများကြောင့် Samsung ပွပေါက်တိုးတော့မလား
လက်ရှိအချိန်မှာ Samsung Display ဘက်က ထွက်ပေါ်လာတဲ့ သတင်းများအရ အမေရိကန်ကုမ္ပဏီကြီးတစ်ခုအတွက် ခေါက်နိုင်သော OLED Display တွေကို အလုံးအရင်းနဲ့ Mass Production ပြုလုပ်ပေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒီသတင်းကို Samsung Display ရဲ့ ဥက္ကဋ္ဌကိုယ်တိုင်က အတည်ပြု ပြောကြားထားတာ ဖြစ်ပါတယ်။
ဘယ်ကုမ္ပဏီ ဖြစ်နိုင်မလဲ
Major American Company (အဓိက အမေရိကန်ကုမ္ပဏီကြီး) လို့ ပြောလိုက်တဲ့အခါမှာတော့ လူတိုင်းက Apple ကိုပဲ ထင်ကြေးပေးနေကြပါတယ်။ သို့သော် North America Company လို့သာ ပြောထားတာဖြစ်ပြီး အမေရိကန်မှာ Google အပါအဝင် အခြား Phone Company များလည်း ရှိနေသေးတာကြောင့် ဘယ်သူဖြစ်မယ်ဆိုတာကို ဘယ်သူကမှ အတည်မပြုနိုင်သေးပါဘူး။
Apple ရဲ့ iPhone တွေမှာ Samsung Display တွေကို အရင်ကတည်းက အသုံးပြုခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ ဥပမာအားဖြင့်-
iPhone X တုန်းကဆိုရင် Samsung ဟာ Display ပင်မ Supplier (ပေးသွင်းသူ) ဖြစ်ခဲ့ပြီး Display တစ်ချပ်ကို ဒေါ်လာ ၁၀၀ ကျော်အထိ ကုန်ကျခဲ့ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုကြောင့် Samsung ဟာ စုစုပေါင်း ဒေါ်လာ 22 Billion ကျော်လောက် ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
အကယ်၍ Apple ရဲ့ ခေါက်လို့ရတဲ့ iPhone (iPhone Fold) မှာ Samsung Display တွေသာ အသုံးပြုခဲ့မယ်ဆိုရင် Samsung အတွက်ကတော့ ငွေရေးကြေးရေးအရ အေးဆေးပဲဖြစ်နေဦးမှာ အသေအချာပါပဲ။