ကိုရီးယား ရိုးရာ activities တွေကို စမ်းသပ်ကြမယ်

ကိုရီးယားရဲ့ ရာစုနှစ်ချီ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုလှပမှုတွေကို ဒီလိုလက်တွေ့စမ်းသပ်ကြည့်လိုက်ပါ! ရိုးရာဝတ်စုံကနေ ရိုးရာအားကစားအထိ အကုန်လုံးက – စိတ်ဝင်စားစရာတွေပါပဲ။ 👘🎎

1. 🎎 Hanbok (한복) ဝတ်ပြီး နန်းတော်လည်ကြမယ်

ဘုရင်မင်းမြတ်တွေလို ရောင်စုံ Hanbok (한복)ဝတ်ဆင်ပြီး **Gyeongbokgung 경복궁နန်းတော်** မှာ လည်ပတ်ကြမယ်! 📸 လျှို့ဝှက်ချက်: ဟန်းဘို့ဝတ်ထားရင် **အခမဲ့ဝင်ရ**တယ်နော်!

2. 🍵 ရိုးရာလက်ဖက်ရည်သောက်ပွဲ (다례)

ချိုမွှေးတဲ့ ကိုရီးယားလက်ဖက်ရည်တွေနဲ့အတူ hanok (한옥) ရိုးရာအိမ်တွေမှာ အေးချမ်းစွာအနားယူခြင်း ဓလေ့ကို လေ့လာကြမယ်။

3. 🏮 Hanji လက်မှုပညာ (한지 공예)

ကိုရီးယားစက္ကူပညာနဲ့ လှပတဲ့ မီးအိမ်၊ ပန်ကာ၊ အဆင်တန်ဆာတွေ ဖန်တီးကြမယ်။ လက်ဆောင်ဖို့လည်း အကောင်းဆုံးဖြစ်ပါတယ်!

4. 👩‍🍳 တော်ဝင်ဟင်းလျာ ချက်ပြုတ်သင်ကြမယ် (궁중 음식)

ကိုရီးယား တော်ဝင်ဟင်းလျာတွေအပြင် **bibimbap 비빔밥, kimchi 김치, tteokbokki 떡볶이 တို့ကို **လက်တွေ့ချက်ပြုတ်သင်တန်း**မှာ သင်ယူကြမယ်!

5. 🥁 ရိုးရာတူရိယာတွေ တီးကြမယ် (국악기)

** Janggu 장구 (စည်)** ဒါမှမဟုတ် **gayageum 가야줌 (စောင်း)** တီးပြီး k-drama သရုပ်ဆောင်တစ်ယောက်လိုခံစားကြမယ်!

6. 🎯 ကိုရီးယားရိုးရာ မြားပစ်အားကစား (국궁)

**ဂျိုဆွန်ခေတ် စစ်သူရဲကောင်းတွေလို** ရိုးရာလေးနဲ့ ပစ်ကြည့်ရအောင်!

ကိုရီးယားမျက်နှာဖုံးအကပွဲ (탈춤)ကိုလည်း ဝင်ရောက်ပျော်ရွှင်နိုင်ပါတယ် – အပျော်၊ အကနဲ့ စိတ်လှုပ်ရှားစရာတွေ ရယ်စရာတွေ အပြည့်ရှိပါတယ်! 😷💃

#KoreanTradition #CultureTrip #HanbokVibes #ExploreKorea #TraditionalFun


Latest