Your cart is currently empty!
Samsung ရဲ့ အမိုက်ဆုံး နာရီဖြစ်တဲ့ Samsung Watch Ultra ကိုလည်း Event နဲ့အတူ မိတ်ဆက်သွားခဲ့ပါတယ်။
Band အရကြည့်မယ်ဆိုရင် Apple Watch Ultra နဲ့ ဆင်တူတယ်ထင်ရပေမယ့် တကယ်တော့ Samsung က သူ့မူအတိုင်းပဲသွားထားပါတယ်။
ပုံစံအရကြည့်မယ်ဆိုရင် အဝိုင်းပုံစံကို လေးထောင့်ထဲ မှာထည်းထားသလို ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပြီး Size ကတော့ တော်တော်လေးကြီးပါတယ်။ ပိန်တဲ့သူတွေ ပတ်ရင် Power Ranger ကြီးလိုဖြစ်နေမှာတော့ အမှန်ပါပဲ။
နောက်တစ်ခုမိုက်တာက Samsung Watch Ultra မှာ Watch Design က Consistency မရှိခဲ့တဲ့ ခေတ်ကလို နာရီတွေက မှန်ကွေးလိုက် ၊ ဝိုင်းလိုက် ၊ လေးထောင့်ဖြစ်တဲ့ ခေတ်မှာ ထွက်ခဲ့တဲ့ Gear Sport ပါ တကယ်ကို Build Quality ကောင်းတဲ့ နာရီလို့ သတ်မှတ်လို့ရနိုင်ပါတယ်။
အားကစားလုပ်တာ၊ ကျန်းမာရေးနဲ့ဆိုင်တာတွေမှာ အများကြီး အထောက်အကူဖြစ်မယ့်အပြင် Dust Resistant, Water Resistant စတဲ့ အကြမ်းခံနိုင်မှုတွေနဲ့လည်း တည်ဆောက်ပေးထားတာဖြစ်ပါတယ်။
နာရီအနေနဲ့ ပတ်ရင် တော်တော်လေးကြည့်လို့ကောင်းပြီး Luxury ဆန်တယ်လို့လည်း ခံစားရစေမယ့် Watch တစ်လုံးဖြစ်လာဦးမှာပါ။
#MyanGoal #Samsung #WatchUlra #Band #Event #Apple







Leave a Reply
You must be logged in to post a comment.